Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးလေဆိပ်ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကိုအရေးပေါ်ပိတ်

ကလေးမြို့လေဆိပ်တွင် နိုဝင်ဘာ ၂၁ရက်(ယမန့်နေ့) နံနက် ၆နာရီခန့်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် စစ်​ကောင်စီကလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

(က​လေး ​လေဆိပ်ကို Google Earth တွင်​တွေ့ရမှု)
(က​လေး ​လေဆိပ်ကို Google Earth တွင်​တွေ့ရမှု)

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ကလေးမြို့ခံနှင့် လက်မှတ်အရောင်းကိုယ်စားလှယ်များကပြောသည်။

ကလေးမြို့လေဆိပ်တွင် နိုဝင်ဘာ ၂၁ရက်(ယမန့်နေ့) နံနက် ၆နာရီခန့်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် စစ်​ကောင်စီကလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“လေယာဉ်ပြေးလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဒရုန်းနဲ့ ဗုံးသီးချခံရတယ်လို့ပြောတယ်။ လူထိခိုက်တာတော့မရှိဘူး။ လေဆိပ်ကိုတော့ မနေ့ကစပြီးအရေးပေါ်ပိတ်လိုက်တယ်”ဟု ကလေးလေဆိပ်နှင့်ပတ်သတ်သည့် သတင်းအရင်းမြစ်တစ်ခုကပြောသည်။

မည်သူက ၊မည်သည့်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်သည်ကိုမူ မသိရ​ပေ။

Public Service Announcement

Public Service Announcement

လေယာဉ်လက်မှတ်အရောင်းဆိုင်များက လက်မှတ်ဝယ်ယူထားသူများကို လက်မှတ်အစားထိုးပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းနှင့် လေယာဉ်ခရီးစဉ်အသစ်အတွက်လက်မှတ်ရောင်းချခြင်းများကို ရပ်တန့်ထားရသည်ဟု လေယာဉ်လက်မှတ်အရောင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။

“ကလေးလေဆိပ် ယာယီပိတ်ထားပါတယ်။ ဘယ်လေကြောင်းမှ ထွက်ခွာ/ဆိုက်ရောက် မရသေးပါဘူး။ လက်မှတ်ထုတ်ထားတဲ့ ခရီးသည်များ Refund (ငွေပြန်ထုတ်ရန်)အတွက် ဆက်သွယ်နိုင်ပါတယ်”ဟု လေယာဉ်လက်မှတ်ရောင်းအရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်း၊ကလေးလေဆိပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်းနှင့် ထိုသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်းပျက်စီးသွားသည်ဟု ဝန်ခံထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်များတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။