Connect with us

Hi, what are you looking for?

သတင်း

ကလေးလေဆိပ်ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကိုအရေးပေါ်ပိတ်

ကလေးမြို့လေဆိပ်တွင် နိုဝင်ဘာ ၂၁ရက်(ယမန့်နေ့) နံနက် ၆နာရီခန့်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် စစ်​ကောင်စီကလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

(က​လေး ​လေဆိပ်ကို Google Earth တွင်​တွေ့ရမှု)
(က​လေး ​လေဆိပ်ကို Google Earth တွင်​တွေ့ရမှု)

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ကလေးမြို့ခံနှင့် လက်မှတ်အရောင်းကိုယ်စားလှယ်များကပြောသည်။

ကလေးမြို့လေဆိပ်တွင် နိုဝင်ဘာ ၂၁ရက်(ယမန့်နေ့) နံနက် ၆နာရီခန့်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် စစ်​ကောင်စီကလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“လေယာဉ်ပြေးလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဒရုန်းနဲ့ ဗုံးသီးချခံရတယ်လို့ပြောတယ်။ လူထိခိုက်တာတော့မရှိဘူး။ လေဆိပ်ကိုတော့ မနေ့ကစပြီးအရေးပေါ်ပိတ်လိုက်တယ်”ဟု ကလေးလေဆိပ်နှင့်ပတ်သတ်သည့် သတင်းအရင်းမြစ်တစ်ခုကပြောသည်။

မည်သူက ၊မည်သည့်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်သည်ကိုမူ မသိရ​ပေ။

Public Service Announcement

Public Service Announcement

လေယာဉ်လက်မှတ်အရောင်းဆိုင်များက လက်မှတ်ဝယ်ယူထားသူများကို လက်မှတ်အစားထိုးပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းနှင့် လေယာဉ်ခရီးစဉ်အသစ်အတွက်လက်မှတ်ရောင်းချခြင်းများကို ရပ်တန့်ထားရသည်ဟု လေယာဉ်လက်မှတ်အရောင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။

“ကလေးလေဆိပ် ယာယီပိတ်ထားပါတယ်။ ဘယ်လေကြောင်းမှ ထွက်ခွာ/ဆိုက်ရောက် မရသေးပါဘူး။ လက်မှတ်ထုတ်ထားတဲ့ ခရီးသည်များ Refund (ငွေပြန်ထုတ်ရန်)အတွက် ဆက်သွယ်နိုင်ပါတယ်”ဟု လေယာဉ်လက်မှတ်ရောင်းအရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်း၊ကလေးလေဆိပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်းနှင့် ထိုသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်းပျက်စီးသွားသည်ဟု ဝန်ခံထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်များတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook