Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ ရာဇဂြိုလ်ရဲဘက်စခန်း(၂)အား သိမ်းပိုက်စဉ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား လေးဦးကို ပြန်လည်ဖမ်းမိ

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာ စစ်သုံ့ပန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား လေးဦး။ ဓာတ်ပုံ - MOD)
(ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား လေးဦး။ ဓာတ်ပုံ - MOD)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ရာဇဂြိုလ်ရဲဘက်စခန်း(၂)အား သိမ်းပိုက်စဉ် ထွက်ပြေးပြီး ပုန်းနေသည့် စစ်ကောင်စီတပ်သား လေးဦးကို သေနတ် နှစ်လက်အတူ ယနေ့ ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃ရက် နံနက် ၃ နာရီခွဲခန့်က ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း အမှတ်(၁)နှင့် အမှတ်(၂)တို့ကို အထူးလှုပ်ရှားတပ်ရင်း(၂)က ဝင်ရောက်တိုက်ခဲ့ရာတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်သည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာ စစ်သုံ့ပန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အထူးလှုပ်ရှားတပ်ရင်း (၂)က ဝင်ရောက်တိုက်ခိုက်ရာတွင် အကျဉ်းစခန်း (၂)အား သိမ်းပိုက်ရမိပြီး အကျဉ်းစခန်း (၁)မှ စစ်ကောင်စီခန့် ရဲနှင့်ဝန်ထမ်း ၂၀ခန့်က ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့၍ အမှတ် (၁)စခန်းကိုပါ သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် နေ့လယ် ၁၂ နာရီ ၄၆ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။