Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ၅၀,၀၀၀ အထိ မြင့်တက်

ကလေးမြို့တွင် စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)တည်ရှိပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းအတွင် မဟာဗျူဟာကျသည့် ဒေသတစ်ခုဖြစ်သည်။

(ကလေးမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကလေးမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဓာတ်ဆီတစ်ဂါလံကျပ် ၅၀,၀၀၀အထိ ဈေးမြင့်တက်နေပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ရက် ၂၀ကျော်ကြာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည့် ကလေးမြို့ကို ကုန်ကားများဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် ယခုလိုဈေးမြင့်တက်နေခြင်းဖြစ်သည်ဟု ကလေးမြို့ခံများက ပြောသည်။

“ စက်သုံးဆီမရှိတော့ အခြားကုန်ပစ္စည်းတွေပါလိုက်တက်နေတာ။ ဆီတွေက အရေးအကြောင်းဆိုရင် သုံးဖို့ ဝယ်ထားတဲ့ ဆီတွေကို ထုတ်ရောင်းနေကြရတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

အခြား ကလေးမြိုတစ်ဦးက ဓာတ်ဆီရေသန့်ဗူးထက်ဝက်ကျော်ကို ကျပ်တစ်သောင်းခန့်ပေးရကြောင်းနှင့် မြို့ပေါ်၌ ဆိုင်ကယ်သုံးချိုးနှစ်ချိုးခန့်မှာ လမ်းမပေါ်တွင်မရှိတော့ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“ လွန်ခဲ့တဲ့ တပတ်လောက်က တဂါလံကို ၃၀၀၀၀ (ကျပ်)လောက်ပဲရှိသေးတယ်။ အခုကဈေးတွေမတရားတက်နေတာ၊ ဒါတောင် လိုချင်သလောက်ဝယ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ကလေးမြို့ဝင်ရောက်နိုင်သည့် ကလေး – ကလေးဝ – မုံရွာမြို့ ဆက်သွယ်ထားသော လမ်းပိုင်းနှင့် ကလေး-တမူးနှင့် ကလေး-ဂန့်ဂေါလမ်းပိုင်းများသည် တိုက်ပွဲများကြောင့် ပိတ်ထားရခြင်းဖြစ်သည်။

ကလေး – ဟားခါးလမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားခြင်းဖြစ်သည်။

ထို့အပြင် ကလေးမြို့လေဆိပ်ကိုလည်း နိုဝင်ဘာ ၂၁ရက်က ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ထိုနေ့မှစတင်ပြီး လေကြောင်းလိုင်းများ ရက်အကန့်အသတ်မရှိ စစ်ကောင်စီက ပိတ်ထားသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)တည်ရှိပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းအတွင် မဟာဗျူဟာကျသည့် ဒေသတစ်ခုဖြစ်သည်။

ထို့အပြင် တမူး၊ခမ်းပတ်မြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းမြို့များအတွက် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိနေသည်။

အဆိုပါဒေသအတွင်း ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ကြားတိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီ စခန်းများကို နိုဝင်ဘာလဆန်းမှစတင်ပြီး သိမ်းပိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။