Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်၊ ရန်ကြီးအောင်ရွာစစ်တပ်စစ်စခန်းကို ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲကို NUG ၊အမှတ် (၁)​စစ်​ဒေသလက်​အောက်ရှိ ကလေးခရိုင်တပ်ရင်းများ၊ CDF-KKG ၊ ပကဖနှင့် ​တော်လှန်​ရေးအဖွဲ့များပါဝင်သည်ဟု သိရသည်။

(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)
(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)

ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ်၏စခန်းကို ယနေ့မနက်ပိုင်းတွင်​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ​ဒေသခံများကပြောသည်။

အင်အား ၃၀ ခန့်ရှိသည် အဆိုပါစစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့မှ သတင်းအရင်းမြစ်တစ်ဦးကပြောသည်။

စခန်းသိမ်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦး၏ ရုပ်အလောင်း ၊ နှစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ အများအပြားရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)
(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)

“လေယာဉ်မလာခင်မှာဘဲ အကုန်လုံးသိမ်းလိုက်တယ်။ အလောင်း ၅ လောင်းရတယ်။ နှစ်ယောက်အရှင်ဖမ်းမိတယ်။ ကျန်တဲ့သူတွေအကုန်ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူတွေကလည်း ကိုယ်နယ်ထဲမှာဆိုတော့လိုက်ပစ်နေကြတယ်။

Public Service Announcement

Public Service Announcement

သေနတ်တွေကောရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။

စခန်းသိမ်းတိုက်ပွဲကို NUG ၊အမှတ် (၁)​စစ်​ဒေသလက်​အောက်ရှိ ကလေးခရိုင်တပ်ရင်းများ၊ CDF-KKG ၊ ပကဖနှင့် ​တော်လှန်​ရေးအဖွဲ့များပါဝင်သည်ဟု သိရသည်။

(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)
(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)

ရန်ကြီး​အောင်ရွာရှိ စစ်​ကောင်တပ်စခန်းသည် အ​ရေးပါပြီးယခုစခန်းသိမ်းပိုက်လိုက်ခြင်းကြောင့် ကလေးမြို့တောင်ပိုင်းသည် စစ်ကောင်စီထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားပြီဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ထိုအပြင် က​လေးနှင့် ဂန့်​ဂေါ်ကြားတွင် စစ်​ကောင်စီတပ် စခန်းသုံးခုရှိသည့်အထဲတွင် ရန်ကြီး​အောင်ရွာစခန်းလည်းပါဝင်ပြီး ယခုအခါ တောင်ခရမ်းရွာရှိ စစ်တပ်စခန်းနှင့်ကုမ္ပဏီစစ်တပ်စခန်း ၂ ခုသာကျန်ရှိ​တော့​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။

Facebook