Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်၊ ရန်ကြီးအောင်ရွာစစ်တပ်စစ်စခန်းကို ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲကို NUG ၊အမှတ် (၁)​စစ်​ဒေသလက်​အောက်ရှိ ကလေးခရိုင်တပ်ရင်းများ၊ CDF-KKG ၊ ပကဖနှင့် ​တော်လှန်​ရေးအဖွဲ့များပါဝင်သည်ဟု သိရသည်။

(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)
(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)

ကလေးမြို့တောင်ပိုင်း၊ ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ်၏စခန်းကို ယနေ့မနက်ပိုင်းတွင်​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ​ဒေသခံများကပြောသည်။

အင်အား ၃၀ ခန့်ရှိသည် အဆိုပါစစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့မှ သတင်းအရင်းမြစ်တစ်ဦးကပြောသည်။

စခန်းသိမ်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦး၏ ရုပ်အလောင်း ၊ နှစ်ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ အများအပြားရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)
(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)

“လေယာဉ်မလာခင်မှာဘဲ အကုန်လုံးသိမ်းလိုက်တယ်။ အလောင်း ၅ လောင်းရတယ်။ နှစ်ယောက်အရှင်ဖမ်းမိတယ်။ ကျန်တဲ့သူတွေအကုန်ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူတွေကလည်း ကိုယ်နယ်ထဲမှာဆိုတော့လိုက်ပစ်နေကြတယ်။

Public Service Announcement

Public Service Announcement

သေနတ်တွေကောရတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။

စခန်းသိမ်းတိုက်ပွဲကို NUG ၊အမှတ် (၁)​စစ်​ဒေသလက်​အောက်ရှိ ကလေးခရိုင်တပ်ရင်းများ၊ CDF-KKG ၊ ပကဖနှင့် ​တော်လှန်​ရေးအဖွဲ့များပါဝင်သည်ဟု သိရသည်။

(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)
(က​လေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များနှင့် CDF-KKG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KalayPDF ၊CDF)

ရန်ကြီး​အောင်ရွာရှိ စစ်​ကောင်တပ်စခန်းသည် အ​ရေးပါပြီးယခုစခန်းသိမ်းပိုက်လိုက်ခြင်းကြောင့် ကလေးမြို့တောင်ပိုင်းသည် စစ်ကောင်စီထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားပြီဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ထိုအပြင် က​လေးနှင့် ဂန့်​ဂေါ်ကြားတွင် စစ်​ကောင်စီတပ် စခန်းသုံးခုရှိသည့်အထဲတွင် ရန်ကြီး​အောင်ရွာစခန်းလည်းပါဝင်ပြီး ယခုအခါ တောင်ခရမ်းရွာရှိ စစ်တပ်စခန်းနှင့်ကုမ္ပဏီစစ်တပ်စခန်း ၂ ခုသာကျန်ရှိ​တော့​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။