Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်ရှိ နယ်မြေရဲစခန်းတစ်ခုကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

ထားဝယ်နယ် အရှေ့တောဒေသရှိ ပကာရီစခန်းနှင့် (၈)မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း ထားဝယ်(ပကဖ)နှင့် အဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီလက်အောက်ခံ ကျောက်မဲတောင်နယ်မြေရဲစခန်းအားတွေ့ရစဥ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီလက်အောက်ခံ ကျောက်မဲတောင်နယ်မြေရဲစခန်းအားတွေ့ရစဥ်။ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ ကျောက်မဲတောင်နယ်မြေရဲစခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့်အတူ စီးနင်းတိုက် ခိုက်ခဲ့ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၃)နံနက် ၅ နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ကျောက်မဲတောင်နယ်မြေရဲစခန်းအား ဥသြစစ်ကြောင်း၊ သ ရက်ချောင်း(ပကဖ)နှင့် နယ်မြေခံတော်လှန် ရေးတပ်ဖွဲ့များပူးပေါင်းပြီး စခန်းအနီးထိချဥ်းကပ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ရေးရည်ရွယ်ချက်ကတော့ စခန်းသိမ်းစစ်ဆင်ရေးပေါ့နော်။ အဲဒီမှာ ကျနော်တို့ စ ခန်းရဲ့ ခြံစည်းရိုးနားအထိ ကပ်ခဲ့တယ်။ ဒါ ပေမဲ့ စခန်းထဲဝင်မယ့် အချိန်မှာတော့ ကျနော်တို့ ဝင်လို့မပေါက်ခဲ့ဘူးပေါ့ဗျာ။ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ပြန်ပစ်တယ်”ဟု ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်မှုမှာ နံနက် ၅ နာရီကျော်မှ နေ့လယ် ၂ နာရီခန့်အထိ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ လက်နက်ခဲယမ်းချွေတာအသုံးပြုရခြင်း၊ ဟိန္နားရွာစစ်ကောင်စီအထိုင်တပ်စခန်းတစ်ခုမှ လက်နက် ကြီး ပစ်ကူပေးခြင်းတို့ကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျောက်မဲတောင်ကျေးရွာသို့ ကျရောက်ခဲ့ပြီး ပုန်းရှောင်နေသည့် သားအမိနှစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထားဝယ်နယ် အရှေ့တောဒေသရှိ ပကာရီစခန်းနှင့် (၈)မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း ထားဝယ်(ပကဖ)နှင့် အဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။