Connect with us

Hi, what are you looking for?

သတင်း

လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးတပ်များသိမ်းပိုက်

ချင်းပြည်နယ်တွင် ​တော်လှန်​ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်တွင် ရိဒ်​ခေါ်ဒါရ် မြို့ကိုသိမ်းပိုက်ခဲ့​သည်။ထို​ကြောင့် လိုင်လင်းပီ မြို့သည် ​တော်လှန်​ရေးအဖွဲ့များက သိမ်းပိုက်​သော ဒုတိယ​မြောက်မြို့ဖြစ်သည်။

( စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)
( စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကသည်။

လိုင်လင်းပီမြို့ရှိ စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၉ ရက်မှစ၍ ချင်းတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်မနက် ၃ နာရီခန့်တွင် တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။

“စခန်းသေးသေး၊မြို့သေးသေးလေးကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ၅ကြိမ်လောက် ဗုံးလာကျဲခဲ့ပေမယ့် ကျွန်တော်တို့သိမ်းနိုင်လိုက်ပါပြီ”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြြောသည်။

( စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)

လိုင်လင်းမီမြို့တွင် စစ်ကောင်စီစခန်းတစ်ခုရှိပြီး အင်အား ၃၀ ခန့်ရှိသည်ဟုလည်း ချင်းကာကွယ်ရေးတပ်များကဆိုသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများအမြောက်အမြားသိမ်းဆည်းရမိသည်ဟုလည်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။

Public Service Announcement

Public Service Announcement

“၁၉ရက်နေ့ကတည်းက တိုက်‌နေတာ။ ဒီ‌နေ့ အပြီးသိမ်းနိုင်တာပါ။ စစ်ကောင်စီတပ်‌တွေ ထွက်ပြေးသွားတာပါ။ လက်နက်တွေ ရလိုက်တယ်လို့ သိရပါတယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တဦးကပြောသည်။

လိုင်လင်းပီအခြေစိုက်စစ်စခန်းသည် ​ခြေလျင်တပ်ရင်း-ခလရ(၃၀၄)လက်အောက်ခံဖြစ်သည်။

( စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)

ချင်းအမျိုးသားတပ်မတော် ( CNA)နှင့်အတူ CDF-Mara၊ CDF-Matupi၊ CDF-Lautu၊ CDF-Zophei တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်ကိုမေးမြန်းရန် CNA ထံ ဖုန်းခေါ်ဆိုရာ မရသေးပေ။သို့သော် လိုင်လင်ပီစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း CNA အရာရှိက ချင်းသတင်းဌာနများသို့ အတည်ပြုဖြေကြားထားသည်။

စစ်ကောင်စီက လေးရက်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင်နေအိမ် ၁၀လုံးကျော်ပျက်စီးခဲ့သည်ဟု ဒေသခံများကဆိုသည်။ စစ်ကောင်စီက လိုင်လင်းပီမြို့ကို ဖုန်းဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည်။

( စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် စခန်းကုန်းများ။ဓါတ်ပုံ-Zophei Information Centre /Chinland Information Centre)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ​ဒေသတွင်းသတင်းဌာနများက​ဖော်ပြသည်။

လိုင်လင်းပီမြို့သည် အရပ်သားအစိုးရလက်ထက်တွင် လေယာဉ်ကွင်းငယ်တစ်ခုတည်ဆောက်ထားသောမြို့ဖြစ်သည်။

ချင်းပြည်နယ်တွင် ​တော်လှန်​ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်တွင် ရိဒ်​ခေါ်ဒါရ် မြို့ကိုသိမ်းပိုက်ခဲ့​သည်။ထို​ကြောင့် လိုင်လင်းပီ မြို့သည် ​တော်လှန်​ရေးအဖွဲ့များက သိမ်းပိုက်​သော ဒုတိယ​မြောက်မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်တပ်နဲ့ စစ်တပ် လက်အောက်ခံ ဇိုမီးတပ် ZRA ပူးပေါင်းအဖွဲ့က မေလ ၁၉ရက်မှာ ပြန်ထိန်းချုပ်ခဲ့ပါတယ်။

Infographics

ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ဖလမ်းမြို့နယ် တစ်ခုလုံးကို ဧပြီ ၉ ရက်မှာအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ ချင်းပြည်နယ်မှာ စစ်​ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။

သတင်း

မြန်မာ- အိန္ဒိယ နယ်စပ်မြို့ ရိဒ်ခေါဒါရ်ကို CNA နှင့် ဒေသခံ CDF ဟွားငိုလ်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေးအတွက်ဒေသခံများ ပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဒုတိယမြောက်သိမ်းနိုင်ခဲ့သည့် လိုင်လင်းပီမြို့ကို ထပ်မံ၍ ပြည်သူ့အုပ်ချုပ်ရေးထူထောင်ခြင်းဖြစ်သည်။

သတင်း

ကျဆုံးခဲ့သည့် ရဲဘော်များမှာ ချင်းအမျိုးသာတပ်မတော်-CNA မှတစ်ဦးနှင့် CDF-Hualngoramမှ ရဲဘော်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။