ဧပြီ-၁၀၊၂၀၂၅။နေ့သစ်/People’s Spring
ချင်းညီနောင်နဲ့ မဟာမိတ်တွေက ဖလမ်းမြို့နယ် တစ်ခုလုံးကို ဧပြီ ၉ ရက်မှာအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ ချင်းပြည်နယ်မှာ စစ်ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။
မြို့နယ် ၉ မြိုနယ်ရှိတဲ့ ချင်းပြည်နယ်မှာ အာရက္ခတပ်တော် (AA)ကပလက်ဝမြို့နယ် ၊ချင်းညီနောင်က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်တွေ၊ ချင်းကောင်းစီကတွန်းဇံမြို့နယ်တို့ကို အသီးသီးသိမ်းပိုက်ထားပါတယ်။
ဒါကြောင့်စစ်ကောင်စီဟာ ဟားခါး၊ ထန်တလန်၊ တီးတိန် မြို့နယ်တွေနဲ့ ခိုင်ကမ်းမြို့မှာပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

Public Service Announcement
အဲဒီမြို့နယ်တွေမှာလည်း စစ်ကောင်စီက မြို့ပေါ်မှာပဲအဓိကတပ်စွဲနိုင်နေတာဖြစ်ပါတယ်။
အခုနောက်ပိုင်းမြို့တွေ ၊ စစ်တပ် တပ်ရင်းတွေ၊ စစ်စခန်းတွေ ဆက်တိုက်သိမ်းနေတဲ့ ချင်းညီနောင်တော်လှန်ရေးတပ်တွေက ဖလမ်းမြို့နယ်ကို သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ စစ်ကောင်စီတပ်နောက်ဆုံးကျန်နေတဲ့ သုံးမြို့နယ်ကို အဓိက ခြိမ်းခြောက်နိုင်ပြီလည်းဖြစ်ပါတယ်။
ချင်းညီနောင်ဟာ တီးတိန်မြို့နယ်ကစစ်တပ်စခန်းတွေကို ဆက်တိုက်လိမ့်မယ်လို့ ခန့်မှန်းချက်တွေလည်းထွက်နေပါတယ်။
