Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမရှိ ပုစွန်ဆိတ်ဆင်ဝိုင်းအား နယ်မြေရှင်းလင်းစဥ် ထိတွေ့မှုဖြစ်

အဆိုပါ ပုစွန်ဆိတ်ဆင်ဝိုင်းသို့ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီခန့်တွင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)မှ နယ်မြေရှင်းလင်းရေးနှင့် ကင်းလှည့်ရန် သွားရောက်စဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ် တပ်စွဲခဲ့သော ပုစွန်ဆိတ်ဆင်ဝိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ် တပ်စွဲခဲ့သော ပုစွန်ဆိတ်ဆင်ဝိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးထားသည့် ပုစွန်ဆိတ်ဆင်ဝိုင်းသို့သွားရောက်၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပုစွန်ဆိတ်ဆင်ဝိုင်းသို့ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီခန့်တွင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)မှ နယ်မြေရှင်းလင်းရေးနှင့် ကင်းလှည့်ရန် သွားရောက်စဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရန်သူ့ဘက်က ခြောက်ယောက်လောက်ရှိတယ်။ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက်ကြာတယ်။ နှစ်ယောက်ထိပြီး တပ်ဆုတ်သွားတယ်။ ဘော်ဘင်ဘက်ကို”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြကာ တော်လှန်ရေးရဲဘော်များ၏ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများဖြင့် တပ်ဆုတ်သွားကြ၍ စခန်းအတွင်းမှ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပုစွန်ဆိတ်ဆင်ဝိုင်းတွင် စစ်ကောင်စီတပ်က လအတန်ကြာ လာရောက်တပ်စွဲထားရာ PDF တပ်ရင်းတပ်ဖွဲ့များက ငါးကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတွေကို စနိုက်ဘာနဲ့ ကနဦးတိုက်ခိုက်ခဲ့တဲ့အပြင် ​တပ်ပြန်ဆုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောင်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် နေပြည်တော်မှတဆင့် ပဲခူးရိုးမအထက်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

သတင်း

မင်းလှမြို့နယ်၊ ပဲခူးရိုးမ​ပေါ်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများတယ်လို့ PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။