Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအထက်ခြမ်းသို့ စစ်တပ်က စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးနေ

စစ်ကောင်စီတပ်သည် နေပြည်တော်မှတဆင့် ပဲခူးရိုးမအထက်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ပဲခူးရိုးမအထက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - Battalion 804 - Nay Pyi Taw PDF

သြဂုတ်-၉၊၂၀၂၅။ရဲခေါင် /Peoples Spring

စစ်ကောင်စီတပ်သည် နေပြည်တော်မှတဆင့် ပဲခူးရိုးမအထက်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည့် မန္တလေး၊မကွေးနှင့် ပဲခူးတိုင်းဆုံရာ ပဲခူးရိုးမအထက်ခြမ်းသို့ စစ်ကြောင်းထိုးနေခြင်းဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကြောင်းတွင် အင်အား ၆၀၀ခန့်ပါသည်ဟု တော်လှန်ရေးအင်အားစုများက စုံစမ်းသိရှိထားပြီး ဇူလိုင်တတိယပတ်ကစ၍ ယနေ့(ဩဂုတ် ၉ရက်)အထိ စစ်ရေးလှုပ်ရှားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းများတွင် စစ်ကောင်စီတပ်စစ်ကြောင်းအား သတ်ကွင်းများ၌ နင်းမိုင်း၊ဆွဲမိုင်းများဖြင့် တိုက်ခိုက်မှုအပါအဝင် ထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၇၀ခန့် ထိခိုက်သေဆုံးနိုင်ကြောင်း နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

“နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေအင် အား၅၀၀နဲ့ စစ်ကြောင်း။ ကိုးပင်သာဂရဘက်ကနေအင်အား၁၀၀နဲ့ စစ်ကြောင်းထိုးတယ်။တောင်တွင်ကြီး၊အောင်လံ၊ဆင်ပေါင်ဝဲမြို့နယ်တွေက ထုတ်နုတ်အင်အား၆၀နဲ့တစ်ကြောင်းထိုးတယ်။သုံးကြောင်း ခွဲထိုးနေတဲ့အနေအထားပေါ့”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတိုက်ပွဲများမှာ သရက်ခရိုင်အတွင်း၌ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားမှုကြောင့် စစ်ရေးအခြေအနေ တင်းမာနေဆဲဟု အသိပေးသည်။

“သူတို့ ရွေးကောက်ပွဲ ကာလအတွက် ပြင်ဆင်စစ်ကြောင်းထိုးတယ်။ နယ်မြေ စိုးမိုးမှုတွေပြန်ရယူဖို့နဲ့စိုးမိုးနယ်မြေတစ်ဝိုက်ရွေးကောက်ပွဲ ကာလအတွင်းအနှောက်ယှက် မဖြစ်အောင်လို့တော့မြင်တယ်”ဟု နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၄)တပ်ရင်း တာဝန်ရှိသူက သုံးသပ်သည်။

အဆိုပါတိုက်ပွဲများအတွင်း ရဲဘော်နှစ်ဦး ဒဏ်ရာရရှိထားပြီး စခန်းအချို့လက်လွှတ်ထားရကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၈၀၄)တပ်ရင်း ၊ အမှတ်(၉၀၂) တပ်ရင်း ၊ သရက်ခရိုင်တပ်ရင်း(၁)နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းခုခံနေကြောင်းလည်း အမှတ်(၈၀၄)တပ်ရင်းက သီးခြားထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးကာ ငါးလုံးတင်ရွာနဲ့ ဆင်မြေကျေးရွာက ပစ္စည်းတွေသယ်ယူကာ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။