Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်၊ပဲခူးရိုးမတွင်နှစ်ရက်ဆက်တိုက်ပွဲဖြစ်စစ်တပ်ထိခိုက်သေဆုံးများဟုတာဝန်ရှိ​သူ​ပြော၊ PDF ရဲဘော်တစ်ဦးကျဆုံးပြီးခုနစ်ဦးထိခိုက်

မင်းလှမြို့နယ်၊ ပဲခူးရိုးမ​ပေါ်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများတယ်လို့ PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဇူလိုင်-၁၉၊၂၀၂၅။ ကျော်ဇော/People’s Spring

မင်းလှမြို့နယ်၊ ပဲခူးရိုးမ​ပေါ်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများတယ်လို့ PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပဲခူးရိုးမပေါ်မှာရှိတဲ့ စပါးကြီးချောင်းရွာမှာ အင်အား ၂၀၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ ခန့်မှာ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှရဲဘော်​တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် ၂ နာရီနီးပါးကြာမြင့်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးကာ အထိနာသွားပြီး ပဲခူးရိုးမအစပ်မှာရှိတဲ့ ဘန့်ဘွေးကုန်းရွာဘက်ကို တပ်ဆုတ်သွားပြီး တခြားစစ်ကြောင်းတစ်ခုနဲ့ ပူး ပေါင်းသွားတယ်လို့ အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် တိုက်ခိုက်ခံရပြီးနောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၁၄ ရက်နေ့မနက် ၇ နာရီခွဲမှာ ပဲခူးရိုးမခါချဥ်တောင်မှာအထိုင်ချထားတဲ့ တော်လှန်ရေးတပ်ဖွဲ့စခန်းကို အင်အား ၄၀၀ လောက်နဲ့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခါချဥ်တောင်စခန်းကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းချိန်မှာ တဖက်က အင်အားများတာ၊ ဘန့်ဘွေးကုန်းရွာမှပြည်သူအချို့ကို လမ်းပြအဖြစ်ဓားစာခံဖမ်းဆီးခေါ်ဆောင်လာတာတွေကြောင့် စခန်းကနေဆုတ်ခွာပေးခဲ့ရတယ်လို့ တပ်ရင်း ၃၈၀၂၊ တပ် ခွဲ ၅ ရဲ့တာဝန်ရှိသူက ဖြစ်စဥ်ကိုပြောပါတယ်။

“လူသားဒိုင်းလုပ်ပြီး အတင်းတက်ချလာပြီး ဒရုန်းနဲ့ဗုံးဆက်တိုက်ကြဲနေလို့ရဲဘော်တွေမထိခိုက်ရအောင် ယာယီဆုတ်ပေးလိုက်တာပါ”လို့ ခါချဥ်တောင်စခန်းကနေ ဆုတ်ပေးရတဲ့အခြေ အနေကို တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခုနောက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်များကိုပိုအသုံးပြုလာပြီး အဲဒီတပ်သားတွေဟာ စစ်မြေပြင်မှာ မူးယစ်ဆေးသုံးထားတယ်လို့ယူဆရပြီးပစ်ခတ်နေတဲ့ကြားက ရှေ့ကိုဇွတ်တိုးလာတာတွေရှိနေတယ်လို့သူက ဆက်ပြောပါတယ်။

“သူတို့က စစ်မှုထမ်းတပ်သားသစ်တွေကို အသေခံ တက်ခိုင်းကြတာ။တချို့ဆိုမူးယစ်ဆေးတွေသုံးထားတယ်ထင်တယ်။သေနတ်နဲ့ပစ်သတ်နေတဲ့ကြားက တက်ချလာတာ”လို့ တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့်ဇူလိုင်၁၄ ရက်နေ့ကဖြစ်တဲ့ခါချဥ်တောင်တိုက်ပွဲမှာ စစ်တပ်က ၅၀ ဝန်း ကျင်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေတယ်များသလို အလောင်းတွေကိုလည်း အရင်ကလို မထားခဲ့ဘဲ အကုန်ပြန်သယ်သွားတာမျိုး မြင်တွေ့ရတယ်လို့ သူကဆက်​ပြောပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးအနေနဲ့ သီးခြားအ တည်ပြုနိုင်တာမျိုးတော့ မရှိပါဘူး။

နှစ်ရက်ဆက်တိုက်ပွဲမှာ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲ​​ဘော်ဇာမဏီ ဒရုန်းဗုံးထိမှန်ကျဆုံးပြီး ရဲဘော်ခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ အဲဒီတပ်ခွဲက အသိပေးထားပါတယ်။

လက်ရှိမှာစစ်တပ်စစ်ကြောင်းဟာသူတို့ရဲ့ထိခိုက်သေဆုံးတဲ့ရုပ်အလောင်းတွေကိုပြန်သယ်ပြီး ဇူလိုင် ၁၆ ရက်နေ့မှာ ဘန့်ဘွေးကုန်းကို တပ်ပြန်ဆုတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။