Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဂိုထောင်တစ်လုံးမီးလောင်

ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက် ၂နာရီခန့်မှစ၍ ၁၀၅မိုင်အနီး တိုက်ပွဲငြိမ်သက်နေရာမှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအတွင်း ယနေ့ နေ့လယ် ၂နာရီက လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ဂိုထောင်တစ်လုံးမီးလောင်နေသည်။

စစ်ကောင်စီ ဗျူဟာကုန်းဖက်မှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သော လက်နက်ကြီးသည် ကုန်သွယ်ရေးဇုံအတွင်း တနေရာကျရောက်လပေါက်ကွဲခြင်းဟု ဒေသခံများက ပြောသည်။

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

“ကားကွင်းဘေးက ဂိုထောင်တစ်လုံး မီးလောင်နေတယ်။ဒရုန်းတွေ၊ လက်နက်ကြီးတွေ ဆက် ပစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

(၁၀၅)မိုင်ကုန်သွယ်ရေး‌ဇုံတွင် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် နေ့လယ်မှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် ကုန်တင်ကားဝင်းအတွင်း ဗုံးသုံးလုံးကျရောက်ပေါက်ကွဲခဲ့သည်။

Public Service Announcement

Public Service Announcement

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီသည် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့်ပတ်ဝန်းကျင်ကို မဆုံးရှုံးစေရေးအတွက် တပ်မ (၉၉)လက်အောက်ခံတပ်ရင်းများဖြင့် အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးဝန်းကျင်ရှိ နဂါးရုံ၊ ရပ်တော်မူဘုရားတို့တွင် ဝင်ရောက်တပ်စွဲလိုက်ကြောင်း သတင်းရရှိသည်။

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ယမန်‌နေ့ညက တိုက်ပွဲတွင် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးမှ ဒေသခံအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်။

ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက် ၂နာရီခန့်မှစ၍ ၁၀၅မိုင်အနီး တိုက်ပွဲငြိမ်သက်နေရာမှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။