Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တိုက်ပွဲ စစ်ကောင်စီအရာရှိ သေဟုဆို၊ အရပ်သားတစ်ဦးလည်း သေဆုံး

ယမန်‌နေ့ည တိုက်ပွဲတွင် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးမှ ဒေသခံအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်။ ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက်တွင် (၁၀၅)မိုင်အနီး ပစ်ခတ်သံများမကြားရကြောင်းဒေသခံများက ပြောသည်။

(ယမန်နေ့ညက မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံအတွင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ - CJ)
(ယမန်နေ့ညက မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံအတွင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးပတ်ဝန်းကျင်၌ ယမန်နေ့ နံနက်မှ ညအထိဖြစ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိနှင့် တပ်ဖွဲဝင်များသေဆုံးပြီး အရပ်သားတစ်ဦးလည်း သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက နေ့ခင်းရော၊ တစ်ညလုံးဖြစ်တယ်။ မနက် ၂နာရီလောက်မှာ ရပ်တယ်။ စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ တချို့ သေတယ်လို့ ကြားနေရတယ်။ အရာရှိ သေတာက သေချာတယ်။ ရဟတ်ယာဉ်နဲ့ အလောင်းလာကောက်တယ်”ဟု (၁၀၅)မိုင်ကုန်သွယ်ရေးဇုံအနီး နေထိုင်သူက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၆ရက်) နေ့လယ်က(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီး လုံခန်တပ်စခန်းကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် တပ်ရင်းမှူးတစ်ဦးပါဝင်သည်ဟု ကနဦးသတင်းရရှိထားသည်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့်ပတ်ဝန်းကျင်ကို မဆုံးရှုံးစေရေးအတွက် တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများဖြင့် အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးဝန်းကျင်ရှိ နဂါးရုံ၊ ရပ်တော်မူဘုရားတို့တွင်လည်းဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိသည်။

” ဂေါပကတွေအကုန် ဖယ်ခိုင်းပြီး ဘုရားကုန်းတွေမှာဝင်တပ်စွဲထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်‌နေ့ည တိုက်ပွဲတွင် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးမှ ဒေသခံအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်။ ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက်တွင် (၁၀၅)မိုင်အနီး ပစ်ခတ်သံများမကြားရကြောင်းဒေသခံများက ပြောသည်။

ယနေ့ နံနက် ၃နာရီခွဲခန့်က မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ​၏ နမ့်ပေါတံတားတပ်စခန်း၊ ကျောက်မဲမြို့နယ် ကောင်းမှုးကျေးရွာအနီးတဝိုက်မှ စစ်ကောင်စီတပ်ကို နံနက်၇နာရီ၂၀မိနစ်ခန့်နှင့် လားရှိုးမြို့နယ် မိုင်းလီကျေးရွာမှ စစ်ကောင်စီတပ်ကို ယနေ့ နံနက် (၇နာရီ ၅၀မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့က ၁၀၂၇ စစ်ဆင်ရေး ၃၁ရက်မြောက်နေ့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ လားရှိုး၊ နောင်ချို၊ကျောက်မဲမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ပေါက်‌တောမြို့တို့တွင် တိုက်ပွဲများဖြစ်ခဲ့ကြောင်းပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းရှိ ကျေးရွာများမှ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား၍ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲမှု ကိုးကြိမ်၊ လက်နက်ကြီးဖြင့် (၂၃)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ယ‌မန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။