Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်၌ တိုက်ပွဲအရှိန်မြှင့်တော့မည်ဖြစ်၍ စစ်ကောင်စီ စစ်ရေးပစ်မှတ်များအနီးမှ လာမည့်ဒီဇင်ဘာ၂၅ရက်နောက်ဆုံးထားတိမ်းရှောင်ကြရန် PDF သတိပေး

စစ်ကောင်စီ တပ်ရင်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ ဂိတ်များ၊ တပ်စွဲရာနေရာများ နှင့်ပျူစောထီးကျေးရွာများ အနီးရှိ ပြည်သူများ ရှောင်တိမ်း ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

(၂၀၂၁ မတ်လ ၂၈ ရက်တွင် စစ်​ကောင်စီတပ်က စစ်​မြေပြင်ကဲ့သို့တိုက်ခိုက်ဖြိုခွင်းခံခဲ့ရ​သောတာဟန်သပိတ်ခံတပ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ မတ်လ ၂၈ ရက်တွင် စစ်​ကောင်စီတပ်က စစ်​မြေပြင်ကဲ့သို့တိုက်ခိုက်ဖြိုခွင်းခံခဲ့ရ​သောတာဟန်သပိတ်ခံတပ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုက်ပွဲအရှိန်မြှင့်တင်တော့မည်ဖြစ်၍ စစ်ကောင်စီ စစ်ရေးပစ်မှတ်များရှိရာအနီးမှ ဒေသခံများအနေဖြင့် လာမည့်ဒီဇင်ဘာ၂၅ရက် နောက်ဆုံးထား၍ ဘေးလွှတ်ရာသို့ တိမ်းရှောင်ကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတိပေးချက်ထုတ်ပြန်သည်။

အထက်ပါသတိပေးချက်ကို ယမန်နေ့(နိုဝင်ဘာ ၂၇ရက်)ညက ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်ရင်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ ဂိတ်များ၊ တပ်စွဲရာနေရာများ နှင့်ပျူစောထီးကျေးရွာများ အနီးရှိ ပြည်သူများ ရှောင်တိမ်း ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပျူစောထီးများနှင့်စစ်ကောင်စီထောက်တိုင် ဌာနဆိုင်ရာဝန်ထမ်းများ အမြန်ဆုံးပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း သတိပေးထားသည်။ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်သူများကို အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီးမိသားစုဆွေမျိုးများနှင့် အမြန်ဆုံးပြန်လည်ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဟုအသိပေးထားသည်။

Public Service Announcement

Public Service Announcement

“သတိပေးမူကို တိကျစွာလိုက်နာရန်နှင့် လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အမျိူးဆက်ကို လုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးတိုက်တွန်း အပ်ပါသည်” ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်က စစ်မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ကလေးမြို့မှ ရန်ကြီးအောင်စခန်းကိုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။

လတ်တလောတွင် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁)က ဦးဆောင်ကာ မင်းကင်းမြို့နယ်ရှိ ပျုစောထီးစခန်းနှစ်ခုကို တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook