Connect with us

Hi, what are you looking for?

သတင်း

မြိတ်နှင့် တနင်္သာရီတွင် စစ်ကောင်စီအထိုင်စခန်းနှင့် ယာဥ်တန်းကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

တိုက်ခိုက်ခဲ့မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှရဲ ဘော်နှစ်ဦး ဒက်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးသည်။

(ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)
(ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီ၏ အထိုင်ချတပ်စခန်းတစ်ခုနှင့် လက် နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဥ်တန်းကို ပူးပေါင်းအဖွဲ့နှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)သည် ယမန်နေ့(ဒီဇင်ဘာ ၂) နေ့လယ် ၂ နာရီတွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ တုံးဗျောကြီးစစ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခဲ့မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှရဲ ဘော်နှစ်ဦး ဒက်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးသည်။

“အဲဒီစခန်းက အင်အား ၂၀ကျော်လောက်ရှိပါတယ်။ လက်နက်အင်အား ကောင်းပါတယ်ဗျ”ဟု တုံးဗျောကြီး စစ်ကောင်စီတပ်စခန်းအခြေအနေကို မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းနေ့(ဒီဇင်ဘာ ၂)နံနက် ၅ နာရီခွဲခန့်တွင် မြိတ်ဘက်မှ ကမ်းမလိုင်းအခြေ စိုက် ခမရ(၅၅၈)တပ်ရင်းသို့ လက်နက်ခဲယမ်းတင်ဆောင်လာသော ယာဥ်နှစ်စီးကို တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် ပစ်မှတ်ထိရောက်မှုရှိသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ဆိုသည်။

လတ်တလောတွင် တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်များအတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ် ရင်း၂၊ တပ်ခွဲ ၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)နှင့် မြိတ်မြို့နယ်(ပကဖ)တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။