Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းကို PDF ပူးပေါင်းတပ် နှစ်ကြိမ်တိုက်ခိုက်

တနင်္သာရီမြို့နယ်အခြေစိုက် ‌‌‌ခြေမြန်တပ်ရင်း (ခမရ-၅၆၁)မှ သိန္ဓောစခန်းသို့ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၄ ရက် ညနေ ၃နာရီခွဲတွင် ဘန်ကျုတ်ကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၂)က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

တနင်္သာရီမြို့နယ်တွင် ရိက္ခာပို့လာသော စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အခြေစိုက် ‌‌‌ခြေမြန်တပ်ရင်း (ခမရ-၅၆၁)မှ သိန္ဓောစခန်းသို့ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၄ ရက် ညနေ ၃နာရီခွဲတွင် ဘန်ကျုတ်ကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၂)က ပြောသည်။

“ခြေကျင် စစ်ကြောင်းခင်ဗျား။ အင်အား ၈၀ကျော်လောက်ပါတယ်။ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”ဟု မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း (၂)၊တပ်ခွဲ(၁)နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိသွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ကောင်စီတပ် ခြေကျင်စစ်ကြောင်းသည် တိုက်ခိုက်ခံရသည့် ဘန်ကျုတ်ရွာအနီး ပိတ်မိခဲ့ရာမှဆက်ထွက်လာရာ နိုဝင်ဘာ ၆ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သကျက်အုပ်စု ကျွဲထိန်းကုန်းရွာနှင့် ကဏန်းကွင်းကျေးရွာကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု ထပ်မံ ပြူလုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၅ နာရီကျော်ကြာမြင့်ပြီး စစ်ကောင်စီစီဘက်မှ ငါးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိ၍ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ သုံးဦးဒဏ်ရာရရှိပြီး မစိုးရိမ်ရကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၆၀)မမ ဗုံးသီးခုနစ်လုံးနှင့် MA1 ကျည်အိမ်တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြရန် ပြည်သူများ၏ လုံခြုံရေးကိုရှေး ရှု၍ တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။