Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲလာ

ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် နယ်ဒေသများတွင်လည်း ဓာတ်ဆီပြတ်လပ်ခြင်း၊ စျေးအဆမတန်မြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။

စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မန္တလေးမြို့တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချပေးနေသော်လည်း အချိန်အတန်ကြာတန်းစီစောင့်ဆိုင်းဝယ်ယူနေရပြီး ပြင်ပပေါက်စျေး မြင့်တက်လာကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက်တွင် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်အချို့ ရောင်းချပေးနေသော်လည်း ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့်မော်တော်ယာဥ် များပြားနေကြောင်း မြို့ခံများက ပြောသည်။

ဆီဆိုင်အချို့မှာ လိုင်းကားနှင့် အငှားယာဥ်များကိုသာ ဦးစားပေးရောင်းပေးနေပြီး ချမ်းမြသာစည်မြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်မှာ ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်မှ ပြန်လည်ရောင်းချပေးမည်ဟု အသိပေးထားကြောင်း နယ်ခံအချို့က ဆိုသည်။

ဆီဝယ်ယူရခက်လာသည့်နည်းတူ ပြင်ပပေါက်စျေးလည်းမြင့်တက်လာကြောင်း မန္တလေးဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်ဂါလံကို ၁၇၀၀၀ ပေးခဲ့ရတယ်။ တိုင်တွေပန့်တွေမဟုတ်ဘူး။ နားလည်မှုနဲ့ ရောင်းပေးတာ အသိတစ်ဆိုင်က။ဆီဆိုင်တွေမှာ တိုးမယ်ဆိုလည်း သွားတဲ့ခရီးကဝေးတော့ ဆီကထပ်မရဘဲ ကိုယ့်ဆိုင်ကယ်ထဲကဆီ ပြောင် သွားမှာလဲစိုး

ကိုယ့်အလှည့်မရောက်ခင် ကုန်ပြီဆိုလည်း ငိုရမှာ အဆင်မပြေပါဘူး။”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်မှစတင်ကာ စက်သုံးဆီအတွက် ဒေါ်လာခွဲတမ်းချပေးမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ဆီစျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် နယ်ဒေသများတွင်လည်း ဓာတ်ဆီပြတ်လပ်ခြင်း၊ စျေးအဆမတန်မြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။