Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲလာ

ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် နယ်ဒေသများတွင်လည်း ဓာတ်ဆီပြတ်လပ်ခြင်း၊ စျေးအဆမတန်မြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။

စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
စက်သုံးဆီဝယ်ယူရန် တန်းစီနေသည့်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မန္တလေးမြို့တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချပေးနေသော်လည်း အချိန်အတန်ကြာတန်းစီစောင့်ဆိုင်းဝယ်ယူနေရပြီး ပြင်ပပေါက်စျေး မြင့်တက်လာကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက်တွင် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်အချို့ ရောင်းချပေးနေသော်လည်း ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့်မော်တော်ယာဥ် များပြားနေကြောင်း မြို့ခံများက ပြောသည်။

ဆီဆိုင်အချို့မှာ လိုင်းကားနှင့် အငှားယာဥ်များကိုသာ ဦးစားပေးရောင်းပေးနေပြီး ချမ်းမြသာစည်မြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်မှာ ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်မှ ပြန်လည်ရောင်းချပေးမည်ဟု အသိပေးထားကြောင်း နယ်ခံအချို့က ဆိုသည်။

ဆီဝယ်ယူရခက်လာသည့်နည်းတူ ပြင်ပပေါက်စျေးလည်းမြင့်တက်လာကြောင်း မန္တလေးဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်ဂါလံကို ၁၇၀၀၀ ပေးခဲ့ရတယ်။ တိုင်တွေပန့်တွေမဟုတ်ဘူး။ နားလည်မှုနဲ့ ရောင်းပေးတာ အသိတစ်ဆိုင်က။ဆီဆိုင်တွေမှာ တိုးမယ်ဆိုလည်း သွားတဲ့ခရီးကဝေးတော့ ဆီကထပ်မရဘဲ ကိုယ့်ဆိုင်ကယ်ထဲကဆီ ပြောင် သွားမှာလဲစိုး

ကိုယ့်အလှည့်မရောက်ခင် ကုန်ပြီဆိုလည်း ငိုရမှာ အဆင်မပြေပါဘူး။”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်မှစတင်ကာ စက်သုံးဆီအတွက် ဒေါ်လာခွဲတမ်းချပေးမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ဆီစျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများအပြင် နယ်ဒေသများတွင်လည်း ဓာတ်ဆီပြတ်လပ်ခြင်း၊ စျေးအဆမတန်မြင့်တက်ခြင်းများ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။