Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်တွင် စစ်ကောင်စီ တပ်ရင်းအချို့ တပ်ရင်းအလိုက် ဘက်ပြောင်းအလင်းဝင်ရန် ညှိနှိုင်းသဘောတူညီမှုရထားဟု KNDF အသိပေး

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

(လွိုင်ကော်တက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့သည်ကို KNDF ဒုစစ်ဦးစီချုပ် မာဝီက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော်တက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့သည်ကို KNDF ဒုစစ်ဦးစီချုပ် မာဝီက ကြိုဆိုနေစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီ​၏ တပ်ရင်းအချို့ တပ်ရင်းအလိုက်ဘက်ပြောင်းအလင်းဝင်ရန် ညှိနှိုင်းသဘောတူမှုများရရှိထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

ထို့ကြောင့် မကြာမီတွင် တပ်ရင်းအလိုက် ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟုလည်း ဖော်ပြထားသည်။

“အာဏာရှင်အား ကျောခိုင်းခြင်းဖြင့် ပြည်သူ့ အောင်ပွဲတွင်ပါဝင်နိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်တွင် သာယာလှပသော ဘဝအနာဂတ်များကို မိမိတို့မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန်အတွက် ပြည်သူဘက်သို့ ဘက်ပြောင်းရန် အလေးအနက် တိုက်တွန်းသည်”ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

‘ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းများ ပြည်သူဘက်သို့ ဘက်ပြောင်းရေး တိုက်တွန်းချက်’ခေါင်းစဉ်ဖြင့် KNDFက ယနေ့ထုတ်ပြန်ရာတွင် ထိုကဲ့သို့ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် ကရင်နီပြည်နယ်သို့ ၂၀၂၁ နှစ်လယ် နောက်ပိုင်း စစ်ဆင်ရေးများဆောင်ရွက်ရန် ရောက်ရှိလာသော တပ်မ (၆၆)၊ တပ်မ (၅၅) လက်အောက်ရှိ စစ်ကောင်စီတပ်ရင်းများမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် တပ်ရင်းအလိုက် ထိခိုက်ကျဆုံးမှုများဖြင့် တပ်မများ ဖွဲ့စည်းပုံပျက်ကာ အင်းအားချည့်နဲ့လျက်ရှိသည်ဟုဆိုသည်။

‘၁၁.၁၁စစ်ဆင်ရေး’အတွင်း အဆိုပါ တပ်မများမှ လှုပ်ရှားစစ်ကြောင်းများ၊ စစ်ကူစစ်ကြောင်းများမှာလည်း ထပ်မံခြေမှုန်းခံရကာ အများအပြားသေဆုံးပြီး လက်နက်ချ အညံ့ခံသူများနှင့် ဖမ်းဆီးခံရသူများမှာလည်း ဦးရေ ရာဂဏန်း နီးပါးရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်မများမှ တပ်ရင်းများသည် ကရင်နီပြည်အတွင်း အစုလိုက်၊ အပြုံလိုက် မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်ဆီးမှုစသော စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများဖြစ်သည့်အားလျော်စွာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ၎င်းတို့အား အပြီးသတ်ချေမှုန်းရန် ယတိပြတ် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟုလည်း ပါရှိသည်။

သို့သော် တိုက်ပွဲနယ်မြေများအတွင်း လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပန်းအဖြစ်နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဘက်ပြောင်းလိုသူများကိုလည်း ဘက်ပြောင်းရေးအစီအမံအရ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေး အစိုးရဘက်တွင် ပြန်လည် ထမ်းဆောင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးသည်။

ကရင်နီပြည်အတွင်းရှိ ခြေမြန်၊ ခြေလျင်နှင့် အမြောက်တပ်ရင်းများသည် နယ်မြေခံ တပ်ရင်းများသည် ကရင်နီပြည်အတွင်း နှစ်ရှည်လများ မိသားစုများနှင့်အတူ အခြေချနေထိုင်သူများ ဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်များအား ထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းရန် KNDFက တိုက်တွန်းထားသည်။

ထို့ကြောင့် မိသားစုများအလိုက် ဖြစ်စေ၊ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက်ပေးမည်ဟု KNDFက ဆိုသည်။

စစ်ကောင်စီ​၏ တပ်ရင်းအချို့ ဘက်ပြောင်းလာမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်အပေါ် လူထုနွေဦးက KNDFထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။