Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်အခြေစိုက် ခလရ(၄၂၄) တပ်ရင်းကို PNLA သိမ်းပိုက်

PNLAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီ ၂၆ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)
(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)

▪︎ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စစ်အာဏာရှင်၏ အသုံးချခံဘ၀မှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်PNLO/PNLAတိုက်တွန်း

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အခြေစိုက်​ခြေလျင်တပ်ရင်း- ခလရ(၄၂၄)တပ်ရင်းကို ယမန်နေ့ ဇန်နဝါရီ ၂၆ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကယနေ့ ထုတ်ပြန်သည်။

PNLAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီ ၂၆ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်း၌ နေဝင်းထွန်းဦးဆောင်သည့် စကစနှင့် စစ်ကောင်စီလက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၅၀ ခန့်နှင့်လည်း ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)
(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)

PNLA အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း မပြုသော်လည်း PNO ပြည်သူ့စစ်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်မောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာ၌ ပြည်သူ့စစ်အလောင်း ၁လောင်းနှင့် လက်နက် ၁လက်ကျန်ခဲ့သည်ဟု အသိ​ပေးထားသည်။

ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း ပြုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် PNLA တပ်ရှိရာနေရာသို့ မလာရန်နှင့် စစ်ကောင်စီနှင့် ရောနှောသွားလာခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးညှိနှိုင်းသော်လည်း နေဝင်းထွန်းဦးဆောင်သည့်တပ်က ညှိနှိုင်းမှုကိုလက်မခံဘဲ လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်မောင်းထုတ်ရခြင်းဖြစ်ကြောင်း အသိပေးသည်။

​နေဝင်းထွန်းမှာ ​ခေတ်အဆက်ဆက် စစ်တပ်နှင့်နီးစပ်​သော ပတ္တမြားနဂါးကုမ္ပဏီပိုင်ဆိုင်​သော ခရိုနီ ​လုပ်ငန်းရှင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဦး​အောင်ခမ်းထီး၏ PNO/PNA ပြည်သူ့စစ်အဖွဲ့တွင် ဦး​ဆောင်​နေသူတစ်ဦးဖြစ်သည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်လည်း အထူးတိုက်တွန်းကြောင်း PNLAက ထုတ်ပြန်သည်။

(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)
(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)

ယမန်နေ့တွင် စစ်ကောင်စီဘက်က ဆီဆိုင်မြို့နှင့် ကျေးရွာများကို တစ်နေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့၍ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ပျက်စီးထိခိုက်မှု ရှိခဲ့ကြောင်းဖော်ပြထားသည်။

PNLO/PNLA သည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖြစ်သော်လည်း ဇန်နဝါရီ ၂၁ရက်က ဟိုပုံးမြို့နယ် စံဖူးကျေးရွာ၌ PNLA ယာဉ်တန်းကို စစ်ကောင်စီနှင့် PNO တပ်က ဟန့်တား၍ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်မီး မကူးဆက်စေရန် စစ်ကောင်စီနှင့် အတက်နိုင်ဆုံး ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ဇန်နဝါရီ ၂၂ရက် ညတွင် စစ်ကောင်စီတပ်သသည် PNLO ဌာနချုပ် အဝန်းအဝိုင်းရှိ နောင်ထောဝ်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက်သွားခြင်းဖြစ်ကြောင်း PNLOကအသိပေးထားသည်။

ထို​နောင်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဇန်နဝါရီလ ၂၄ ရက် ညနေမှစတင်၍ PNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးPNLAနှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့များက ရဲစခန်းကိုကနဦးသိမ်းပိုက်နိုင်ခဲ့သည်။ ထို​နောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီးဇန်နဝါရီ ၂၆ရက်တွင် စစ်​ကောင်စီတပ်၏ ခလရ ၄၂၄ တပ်ရင်းကိုပါ PNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)
(PNLO/PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLO)

PNLO/PNLA အနေဖြင့် NCA သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့သည်မှာ တိုက်ပွဲမဖြစ်ခင်ကာလအထိဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ်သည့် စစ်ရေးပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လတ်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာ ဖြစ်ကြောင်း PNLOက ထုတ်ပြန်သည်။ထို့ပြင် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေး​ကြေညာထားခဲသည်။

လတ်တစ်လောတိုက်ပွဲများကြောင့် ဆီဆိုင်မြို့ခံများသည် တောင်ကြီးမြို့အပါအဝင် အခြားမြို့နယ်များသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်။

” ဆီဆိုင်က‌နေ ထွက်‌ပြေးလာသူတွေကို တခြားမြို့တွေက ကူညီဖို့မေတ္တာရပ်ခံချင်ပါတယ်။ စစ်တပ်က ပိတ်ဆို့ကန့်သတ်ထားလို့ အရမ်းဒုက္ခရောက်နေကြတယ်။ ရသလို ကူညီကြဖို့လိုပါတယ်” ဟု စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ၂ရက်အတွင်း စစ်ကောင်စီတပ်ရှေ့တန်းစခန်း ၆ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး ဒီ‌နေ့ ဧပြီ ၃ရက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီကနေ့(ဧပြီလ၂ ရက်)ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။