Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

AA က မြေပုံမြို့ကိုပါကိုသိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ကြေညာ

AA သည် ဇန်နဝါရီ ၁၄ရက်တွင် ပလက်၀မြို့၊ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီးယခုဖေဖော်ဝါရီလလယ်တွင် မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့ဟု အသိပေးလာခြင်းဖြစ်သည်။

AA က မြေပုံမြို့ကိုပါကိုသိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ကြေညာ
AA က မြေပုံမြို့ကိုပါကိုသိမ်းပိုက်ထိန်းချုပ်ထား​ကြောင်း ကြေညာ

▪︎ရသေ့တောင်၊ ရမ်းဗြဲ မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေပြီး မောင်တောရှိ စစ်စခန်းတစ်ခုကို AA ထိုးစစ်ဆင်

▪︎ရက္ခိုင်ဒေသရှိ စစ်စခန်းအားလုံး တစ်ခုမှ မကျန်စေရန် တိုက်ခိုက်မည်ဟု အသိပေး

ရက္ခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း AAက ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။

AA သည် ဇန်နဝါရီ ၁၄ရက်တွင် ပလက်၀မြို့၊ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီးယခုဖေဖော်ဝါရီလလယ်တွင် မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့ဟု အသိပေးလာခြင်းဖြစ်သည်။ ထိုအပြင် AA သည် ပလက်ဝ မြို့နယ်အတွင်းရှိ ဆမီးမြို့ ၊ ​မောင်​တောမြို့နယ်အတွင်ရှိ ​တောင်ပြို (လက်ဝဲ)ကိုလည်း သိမ်းပိုက်ထားသည်။

ထို့အပြင် ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိကြောင်း ဖော်ပြသည်။

ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိရာ ဖေဖော်ဝါရီ ၁၄ရက်မှစ၍ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များ၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းလည်း အသိပေးသည်။

ထို့အတူ စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။

ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့်၎င်းအနီးအနားရှိကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့သည် စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း AAက ထုတ်ပြန်သည်။

AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့အတွင်းသို့လည်းစစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာသည်ဟု အသိပေးသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီးရှိ ဗောဓိကုန်းစခန်းအား AAက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက စခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိဟု ဖော်ပြသည်။

ရသေ့တောင်မြို့တွင် AA နှင့်စစ်ကောင်စီတို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း အသိပေးသည်။

AA ပါဝင်သည့် ညီနောင် ၃ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး (၁၁၂) ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၅ရက် တိုက်ပွဲသတင်းများကို ထုတ်ပြန်ခဲ့ရာရက္ခိုင်ဒေသရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်စခန်းတိုင်းကို တစ်ခုမျှမကျန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၄ရက်က ကျောက်ဖြူမြို့နယ် ပေါက်နက်ချေကျေးရွာမှ အမျိုးသား ၉ဦးကို ဖမ်းဆီးသွားကြောင်း ၊ ပေါက်နက်ကြီးကမ်းနားရှိ မြစ်ပြင်ထဲတွင် စားဝတ်နေရေးအတွက် လောင်းလှေ (၃) စီးဖြင့် ငါးဖမ်းထွက်နေစဉ် စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်းဌာနချုပ်” ရေတပ်သင်္ဘောက ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်ကလည်း ဗန်းမော် နှင့် မိုးမောက်ပတ်ဝန်းကျင်ကို လေကြောင်းမှပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

သတင်း

စကခ(၁၅)စခန်းသိမ်းတိုက်ပွဲ၌ လက်နက်ချခဲ့သည့် ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များခဲတွင် စစ်ကောင်စီက ပြည်သူ့စစ်အနေဖြင့် ခေါ်ယူထားသည့် မွတ်ဆလင်လူငယ်အများအပြားကိုပါ AA က ဖမ်းမိထားသည်။

သတင်း

KIA က​မေ ၅ ရက်တွင်လည်း ဆွမ်ပရာဘွမ်ရှိ စစ်​ကောင်စီ၏ ​နောက်ဆုံးစခန်ယဖြစ်​သော ခလရ ၄၆ ဗျူဟာကုန်းအပါအဝင် စစ်စခန်း ၁၂ ခုကိုသိမ်းပိုက်ခဲ့သည်။