Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့​သော မာစီးဒီးကား။ဓါတ်ပုံ-CJ)
(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့​သော မာစီးဒီးကား။ဓါတ်ပုံ-CJ)

▪︎အဆိုပါယာဥ်တန်းတွင် စစ်​ကောင်စီပြန်ကြား​ရေးတာဝန်ခံဗိုလ်ချုပ်​ဇော်မင်းထွန်းပါရှိ​ကြောင်းသတင်းထွက်​ပေါ်​နေ​သော်လည်း အတည်မပြုနိုင်​သေး

စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်‌ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား ​တော်လှန်​ရေးအဖွဲ့များကဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

“တိုင်းရင်းသားဒီကရီကောလိပ်ကအပြန် မိုင်းဆွဲတိုက်ခိုက်တာမှန်တယ်။ ဗိုလ်တစ်ယောက်သေတယ်။ ကားပျက်စီးတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ပြောသည်။

အဆိုပါယာဉ်တန်း၌ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန်ချီ​ပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

သို့​သော်အဆိုပါယာဉ်တန်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပါအတည်ပြုနိုင်သေးသေးသော်လည်း စစ်ကောင်စီ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့ ပါဝင်သည်ဟု စုံစမ်းသိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

စစ်ကိုင်းမြို့ခံတစ်ဦးက ” ဇော်မင်းထွန်းပါမပါ မသိဘူး။ ဒါပေမယ့်မိုင်းဆွဲတိုက်ခိုက်တာ ဟုတ်တယ်။စခဗိုလ် နှစ်ယောက်သေတာမဟုတ်ဘူး။တစ်ယောက်သေတာ”ဟု ​ပြောသည်။

မိုင်းဆွဲခံရပြီး ပျက်စီးသွားသော ကားကို ထားခဲ့ပြီးစစ်ကိုင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ဟု သတင်းရရှိသည်။ ပျက်စီးသွား​သောကားမှာ နာမည်ကြီးအမျိုးအစားဖြစ်​သော မာစီးဒီး ကားဖြစ်​ပြီး ကားမှာမိုင်းထိထား၍ ပျက်စီးနေသည်ကို​တွေ့ရသည်။

စစ်​ကောင်စီယာဥ်တန်းကိုမည့်သည့်​တော်လှန်​ရေးအဖွဲ့ကတိုက်ခိုက်သည်ကို မသိရ​သေး​ပေ ။ အဆိုပါယာဥ်တန်းတိုက်ခိုက်ခံရပြီး​နောက် မန္တ​လေး-မုံရွာကားလမ်းရှိအဆိုပါလမ်းပိုင်း ပိတ်၍ ကားများလှည့်ပြန်​နေရ​ကြောင်း ကားသမားများက​ပြောသည်။

ထိုအပြင် မုံရွာ – မန္တလေးလမ်းပိုင်းအား ​ဖေ​ဖော်ဝါရီ ၂၃ ရက်နံနက် ၁၁ နာရီ ခန့်မှစ၍ အရေးပေါ်ပိတ်​ကြောင်း ​ဒေသ ​ခံတော်လှန်​ရေးအဖွဲ့များ၏ သတိ​ပေးချက်များထုတ်ပြန်​ပေး​နေ​သော Monywa Road Information -MRI က ထုတ်ပြန်လာသည်။

မုံရွာ-မန္တလေးလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်​ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ​​ဖေ​ဖော်ဝါရီ ၂၃ ရက် ၁၀ နာရီ ၅၆ မိနစ်တွင်ထုတ်ပြန်အသိ​ပေးထားသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု​​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။