Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနိုင်ငံတွင် အခမဲ့အင်တာနက်ရရှိနိုင်ရေးနည်းလမ်းများ နှင့် နည်းစနစ်များပေးအပ်ရန် Starlinkတည်ထောင်သူ Elon Musk ကို ရန်ဟီးလီတိုက်တွန်း

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

( ရန်ဟီးလီ နှင့် တွစ်တာ(x) တွင်ရန်ဟီးလီ​​ရေးထား​သောစာနှင့် အီလွန်မာစ် ။ဓါတ်ပုံ- ရိုက်တာ )
( ရန်ဟီးလီ နှင့် တွစ်တာ(x) တွင်ရန်ဟီးလီ​​ရေးထား​သောစာနှင့် အီလွန်မာစ် ။ဓါတ်ပုံ- ရိုက်တာ )

မြန်မာပြည်သူများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအတွက် အခမဲ့အင်တာနက်ရရှိနိုင်ရေး နည်းလမ်းများနှင့် နည်းစနစ်များပေးအပ်ရန် ဂြိုလ်တုအင်တာနက်(Starlink)တည်ထောင်သူ Elon Musk ကို မြန််မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)မှ ရန်ဟီးလီက တိုက်တွန်းလိုက်သည်။

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

( ရန်ဟီးလီ နှင့် တွစ်တာ(x) တွင်ရန်ဟီးလီ​​ရေးထား​သောစာနှင့် အီလွန်မာစ် ။ဓါတ်ပုံ- ရိုက်တာ )
( ရန်ဟီးလီ နှင့် တွစ်တာ(x) တွင်ရန်ဟီးလီ​​ရေးထား​သောစာနှင့် အီလွန်မာစ် ။ဓါတ်ပုံ- ရိုက်တာ )

“မြန်မာနိုင််ငံတွင်းက ပြည်သူတွေဟာ စစ််ကောင်စီက လေကြောင််းတိုက်ခိုက်တော့မယ််ဆိုတာကိို အခြားသူတွေကို သတင်းမပေးနိုင်သလို သူတို့မိိသားစုတွေ ဘယ်နေရာ ရောက်နေသလဲဆိုတာလည်း မသိနိုင်ကြပါဘူး” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူဟောင်းလည်းဖြစ်သူ ယန်ဟီးလီက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကမ္ဘာကြီးအနေနဲ့လည်း တရားမဝင်မြန်မာစစ်ကောင်စီက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိိုးနွယ်အပေါ်ကျူးလွန်တဲ့ ကြီိးလေးတဲ့ရာဇဝတ်မှုတွေကို ဘာတွေ ဘယ်လို ကျူးလွန်နေသလဲဆိုတာ သိဖို့လိိုအပ်ပါတယ်” ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက မကြာသေးမီကပြဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရဥပဒေ(ပြည်သူ့စစ်မှုထမ်းဥပဒေ)မှာ မြန််မာလူငယ်အမျိုးသား၊ အမျိုးသမီိးအားလုံးအပေါ် ချမှတ်လိုက်သည့် ရက်စက်ကြမ်းကြုတ်သော နောက်ထပ်နည်းစနစ်များ၏ ရှင်းလင်းသည့်ဥပမာတစ်ခုဖြစ်ကြောင်း ရန်ဟီးလီက ပြောသည်။

အင်တာနက်ဝန်ဆောင်မှု အခမဲ့ရရှိိခြင်း၊ စစ်တပ်၏ အင်တာနက်ပိတ််ဆို့မှုမှ လွတ်မြောက်စေခြင်းတို့မှာ မြန်မာပြည်သူများကို များစွာအထောက်အကူပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

လွတ်လပ်စွာထုတ်ဖော််ပြောဆိုခွင့်လှုပ်ရှားရေးအဖွဲ့ AThan(အသံ)၏ မတ်လ ၅ ရက်ထုတ်အစီရင်ခံစာတွင် မြန်မာနိုင်ငံတဝန်း ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံခဲ့ရသည့် မြို့နယ်ပေါင်း၈၀ရှိပြီးစစ်ကိုင်းတိုင်းက ၂၇ မြို့နယ်အထိဖုန်းလိုင်း သို့မဟုတ် အင််တာနက် ဖြတ်တောက်ခံထားရကာ ရက္ခိုင်ပြည်နယ်တွင်လည်း ၁၇ မြိို့နယ်စလုံး ဖုန််းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံခဲ့ရကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။