Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင် ခမရ(၅၆၄)တပ်ရင်းကို AA သိမ်းပိုက်

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

(ခမရ ၅၆၄ ​မြေပုံနှင့် ခမရ ၅၆၄ တပ်ရင်းကို သိန်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)
(ခမရ ၅၆၄ ​မြေပုံနှင့် ခမရ ၅၆၄ တပ်ရင်းကို သိန်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)

▪︎စစ်ကောင်စီတပ်မှ ၈၀ကျော်သေဆုံးကာ AAဘက်ကလည်း ကျဆုံးထိခိုက်များရှိခဲ့

▪︎စစ်​ကောင်စီတပ်သားအလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရရှိဟု AA အသိ​ပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း တစ်ခုကို ယမန်နေ့ (ဧပြီ ၅ရက်)တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ရက်က စတင်တိုက်ခိုက်ခဲ့သည့် ဘူးသီးတောင် အခြေစိုက် အမှတ် ၅၆၄ ​ခြေမြန်တပ်ရင်း (ခမရ-၅၆၄)ကို ၅ရက်အကြာတွင် တပ်ရင်းဌာနချုပ် တစ်ခုလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ရန်သူ့အနေဖြင့် ၎င်းတို့၏ စစ်ရေးအရ အရေးပါသော ခမရ (၅၆၄) စခန်းအား ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ (၅) ရက်အကြာတွင် ရက္ခိုင့်တပ်တော်လက်အောက်သို့ ကျရောက်ခဲ့ရပြီးဖြစ်သည်။” ဟု AAက ဆိုသည်။

Public Service Announcement

Public Service Announcement

(ခမရ ၅၆၄ ​မြေပုံနှင့် ခမရ ၅၆၄ တပ်ရင်းကို သိန်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)
(ခမရ ၅၆၄ ​မြေပုံနှင့် ခမရ ၅၆၄ တပ်ရင်းကို သိန်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး AA ဖက်မှလည်း ထိုက်သင့်သော ပေးဆပ်မှု၊ ရင်းနှီးမှုများရှိခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း AAက ထုတ်ပြန်သည်။

ရန်သူ့အလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။

AA သည် မတ်လ ၂၅ရက်ကလည်း ဘူးသီးတောင် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းအား သိမ်းပိုက်ပြီးနောက် ၁၁ရက်အကြာတွင် နောက်ထပ်တပ်ရင်းတစ်ခု သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ခမရ(၅၅၂) တပ်စခန်းအား တိုက်ခိုက်စဉ်က ရက်ပေါင်း ၃၀ကျော်ကြာမြင့်ခဲ့သည်။ AAသည် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းကိုလည်း သိမ်းပိုက်ပြီးဖြစ်သည်။

ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည်း အသိပေးသည်။

ထို့အပြင် မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းလည်းသိရ သည်။

(ခမရ ၅၆၄ ​မြေပုံနှင့် ခမရ ၅၆၄ တပ်ရင်းကို သိန်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)
(ခမရ ၅၆၄ ​မြေပုံနှင့် ခမရ ၅၆၄ တပ်ရင်းကို သိန်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk)

ဘူးသီ​တောင်မြို့ရှိ စစ်​ကောင်စီတပ်စခန်းများမှာ AA ၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး ​ရေ​ကြောင်း၊ကုန်းကြောင်းမှ ထွက်​ပေါက်မရှိ​တော့ဘဲ ​လေ​ကြောင်းတစ်ခုတည်းသာ စစ်ကူ​ပေးနိုင်​​တော့​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။ ယခု ရက္ခိုင့်တပ်​တော် သိမ်းပိုက်​သော ခမရ ၅၆၄ သည် စကခခ ၁၂ လက်​အောက်တွင်ရှိပြီးဗျူဟာကျသည့် စစ်တပ်စခန်းကြီး ဖြစ်ပြီး AA က အချက်အချကျ​သောစခန်းများကို တစ်ခုပြီးတစ်ခုထိုးစစ်ဆင်သိမ်းပိုက်​နေခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

အလားတူ​ တစ်ချိန်တည်းတွင် မောင်း​တောမြို့ရှိစစ်တပ်စခန်းများကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်​​နေရာ လက်နက်ချ​သော ၊ဘဂ်လား​ဒေရှ်သို့ထွက်​ပြေး​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များစွာ ရှိ​နေ​ကြောင်း ​​ဒေသခံအချို့က​ပြောသည်။

စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ဧပြီ ၄ရက်က AA သိမ်းထားသည့် ကျောက်တော်မြို့အား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ အသက် (၁၈) နှစ်အရွယ် ပြည်သူ တစ်ဦးသေဆုံးကာ ၆နှစ် အရွယ် အပါအဝင် ပြည်သူ ၆ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

AA က ၁၀၂၇ စစ်ဆင်​ရေးဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝ​ဒေသတို့ရှိစစ်တပ်စခန်းများကို ထိုးစစ်ဆင်ဆိုက်ခိုက်ခဲ့ရာ ​လေးလ​ကျော်အတွင်း ပလက်ဝမြို့နယ် တစ်ခုလုံးနှင့် ​ပေါက်​တော ၊​မြောက်ဦး ၊မင်းပြား၊​ကျောက်​တော်၊ ​မြေပုံ၊ ပုဏ္ဏားကျွန်း ၊ ရ​​သေ့​တောင်၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို​ကြောင့် ရက္ခိပြည်နယ်တစ်ခုလုံးကို သိန်းပိုက်ရန် ၉ မြို့နယ်ကျန်ရှိ​သေးပြီး ထိုထဲမှ ဘူးသီး​တောင်၊ ​မောင်​တော၊​ကျောက်ဖြူ ၊အမ်း မြို့နယ်တို့ AA က ထိုးစစ်ဆက်​နေသည်။

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထားသော စစ်သုံ့ပန်းမိသားစုဝင် ၂၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွှတ်‌ပေးလိုက်သည်။

သတင်း

စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု အာရက္ခတပ်တော်( AA)က ထုတ်ပြန်သည်။

သတင်း

ရခိုင်ပြည်နယ်အစပ်ဒေသများဖြစ်သော ပဲခူး၊ဧရာဝတီနှင့်မကွေးတိုင်းနယ်စပ်တို့ရှိ အာရက္ခတပ်တော် (AA)တပ်စခန်းများရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကဆရာမတစ်ဦးပျောက်ဆုံးနေမှုမှာ စစ်ကောင်စီက တာဝန်ယူမှုမရှိဘဲ ရခိုင်လူမျိုးဖြစ်နေ၍ ပြစ်မှုကျူးလွန်သည့်ပုံစံဖန်တီးနေကြောင်း အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။