Connect with us

Hi, what are you looking for?

သတင်း

MPT Exchangeရုံး မီးလောင်

မီးလောင်ပြီးချိန်၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော်လည်း MPT အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။

မိးလောင်မှုဖြစ်ခဲ့သည့် MPT Exchange ရုံးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မိးလောင်မှုဖြစ်ခဲ့သည့် MPT Exchange ရုံးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

▪️ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT Exchangeရုံး မီးလောင်မှုဖြစ်ခဲ့ရာ MPT နှင့်သက်ဆိုင်သည့် ဆက်သွယ်ရေးကွန်ရက်များပြတ်တောက်နေကြောင်း MPT အသုံးပြုသူများကပြောသည်။

“အခုအချိန်အထိတော့ မရသေးဘူး။ အကြောင်းကြားစာတွေဘာတွေလည်း ဝင်မလာပါဘူး”ဟု ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် MPT ဆင်းကတ်အသုံးပြုသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီကျော်တွင် (၈) မိုင်လမ်းဆုံအနီးရှိ MPT Exchange ရုံး မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မီးလောင်ပြီးချိန်၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော်လည်း MPT အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

MPT FTTH Internet Service MMVR ၏ ဖေ့စ် ဘွတ်ခ်တွင် မီးလောင်မှုကြောင့် အင်တာနက်လိုင်း ယာယီပြတ်တောက်မှုဖြစ်နေကြောင်း ကြေညာထားသည်။

မီးလောင်မှုဖြစ်သည့် အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်မှုဖြစ်ခဲ့သော်လည်း နေ့လည် ၁၂ နာရီတွင် အချို့နေရာများ၌ ဖုန်းလိုင်းများ ပြန်အသုံးပြု၍ရကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ရေးသား၍ တင်ထားကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။