Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ပိုဖွင့်ပေးဖို့ အစ္စရေးကို ICJ ညွှန်ကြား

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ပိုဖွင့်ပေးဖို့ အစ္စရေးကို ICJ ညွှန်ကြား
ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ပိုဖွင့်ပေးဖို့ အစ္စရေးကို ICJ ညွှန်ကြား

ဂါဇာမှာ လူသားချင်း စာနာမှု လမ်းကြောင်းတွေကို အစ္စရေးက ပိုမို ဖွင့်လှစ်ပေးဖို့ ကုလသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက ညွှန်ကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးရဲ့ ခြိမ်းခြောက်မှုကြီး လက်တွေ့ကျကျ ကြုံတွေ့လာချိန်မှာ လူသားချင်း စာနာမှု အထောက်အပံ့တွေနဲ့ တခြား အခြေခံ အကူအညီတွေ ပေးပို့နိုင်ရေးအတွက် အစ္စရေးက အနှောင့်အနှေးမရှိ ဆောင်ရွက်သင့်တယ်လို့ မတ်လ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။

ICJရဲ့ တရားသူကြီး အားလုံးက ဂါဇာမှာ အစ္စရေး ပိတ်ဆို့ထားတဲ့ လမ်းကြောင်းတွေ ပြန်လည် ဖွင့်လှစ်ပေးရေး အဆိုကို ထောက်ခံ မဲပေး ဆန္ဒပြုခဲ့ကြပါတယ်။ ICJက ဂါဇာမှာ လာမယ့် သီတင်းပတ်တွေအတွင်း အငတ်ဘေး ကျရောက်လာနိုင်တယ်ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သတိပေးချက်တွေကိုလည်း ကိုးကားပြခဲ့ပါတယ်။

အစ္စရေးကတော့ အဲဒီသုံးသပ် သတိပေးချက်တွေကို ငြင်းပယ်ပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ တောင်အာဖရိကရဲ့ စွပ်စွဲချက်ကိုလည်း ICJမှာ ခုခံ ရင်ဆိုင်နေပြီး ဘယ်လို အမှားအယွင်းမှ ကျူးလွန်မထားကြောင်း ပြောပါတယ်။

အခုနောက်ဆုံး ICJ ညွှန်ကြားချက်ကလည်း ဂါဇာမှာ လူသားချင်း စာနာမှု အထောက်အပံ့ပေးရေး ဆိုင်ရာ အရေးပေါ် လိုအပ်ချက်တွေကို ပိုမို အာရုံစိုက်သင့်ကြောင်း တောင်အာဖရိကရဲ့ တင်ပြမှုအပေါ် အခြေပြုထားတာ ဖြစ်ပါတယ်။

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

ဂါဇာမှာ နိုင်ငံတချို့ ပူးပေါင်းပြီး ရေလမ်းကြောင်းနဲ့၊ ပြီးတော့ လေယာဉ်တွေကနေ လေထီးနဲ့ ကြဲချတဲ့ နည်းလမ်းတွေနဲ့ ဒေသခံ ပါလက်စတိုင်းတွေဆီ ရိက္ခာတွေ ပို့ဆောင်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ကုန်းလမ်းကနေ ထောက်ပံ့ရေး ပစ္စည်းတွေ အလုံးအရင်း တင်ပို့တာလောက်တော့ မထိရောက်နိုင်သလို တခြား အကန့်အသတ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) လက်အောက်ခံ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဂါဇာလူဦးရေ ၂.၂ သန်းလုံးဟာ စားနပ်ရိက္ခာ ဖူလုံမှု ထိခိုက်တဲ့ ပြဿနာကို လက်တွေ့ကျကျ ရင်ဆိုင်ရမယ့် အခြေအနေမျိုး ကြုံနေကြောင်း ဖော်ပြထားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။