Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်အား ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ် ပြန်ဆုတ်သွား

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

“တော်လှန်ရေးပူးပေါင်းတပ်က ပြန်ဆုတ်သွားပြီ။ လူထုအထိနာမှာစိုးလို့ ပြန်ဆုတ်သွားတယ် သိရတယ်” – စစ်ရေးသတင်းရင်းမြစ်

ဒီးဒီ/People’s Spring

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ယနေ့(ဧပြီ ၂၁ရက်) နံနက် ၉နာရီတွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားပြီးဟု People’s Spring၏ မြဝတီမြို့ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ နံနက် ၈နာရီအထိ ပစ်ခတ်သံများကြားရပြီးနောက် နောက်ထပ်ပစ်ခတ်သံများမကြားရတော့ပေ။ ထို့ကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းရှိ အမှတ်(၂)တံတားတွင်လည်း ထိုင်းစစ်တပ်က ယနေ့ အင်အား အနည်ငယ်ဖြင့်သာ လုံခြုံရေးယူထားသည်ကို တွေ့ရသည်။

(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ – PS)

ယနေ့တွင် အမှတ်(၁)တံတားမှာ မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သွားရောက်သူများအား မြန်မာဘက်ခြမ်းမှ ဖြတ်သန်းခွင့်မပေးဘဲပိတ်ထားပြီး မဲဆောက်မြို့မှ မြဝတီမြို့သို့သွားရောက်သူများသာ ဖြတ်သန်းပေးထားသည်ကို မြင်တွေ့ရသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်များက အမှတ်(၂) တံတားရှိ စစ်ကောင်စီတပ်သားများအား ဧပြီ ၁၉ရက် ည ၇နာရီခန့်က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ရေးပူးပေါင်းတပ်က ပြန်ဆုတ်သွားပြီ။ လူထုအထိနာမှာစိုးလို့ ပြန်ဆုတ်သွားတယ် သိရတယ်”ဟု People’s Spring၏ မြဝတီမြို့ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် မြဝတီမြို့ရှိ အရပ်သားပြည်သူ ငါးဦးထက်မနည်းသေဆုံးကြောင်းလည်း People’s Springက စုံစမ်းသိရသည်။

(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ – PS)

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမှတ်(၂)တံတားအနီး မြဝတီမြို့ ရပ်ကွက်(၅)ရှိ ပတ္တမြားဓာတ်ဆီဆိုင်အနီး နေအိမ်များ မီးလောင်ပျက်စီးပြီး ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု မြဝတီမြို့ခံများက ပြောသည်။

” ပတ္တမြားဆီဆိုင်နားက နေအိမ်တွေ မီးလောင် တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားသည်ဟု ကြားသိရပြီး အရေအတွက်နှင့် ပတ်သက်၍ People’s Spring က သီးခြားအတည်ပြုချက်မရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ – PS)

စစ်ကောင်စီတပ်သားများရှိနေသော မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတား အဆောက်အဦးမှာ ထုထည်ကြီးမား ခိုင်ခန့်ခြင်း၊ နေရာယူရန် ကောင်းမွန်ခြင်း၊ အဆိုပါ အဆောက်အဦးသို့ ချည်းကပ်လာပါက ဘေးပတ်လည်မှာ ကွင်းပြင်ဖြစ်နေ၍ ရှင်းရှင်းမြင်နေရကြောင်း မြဝတီမြို့ရှိ စစ်ရေးသုံးသပ်သူတစ်ဦးက ပြောသည်။

“အနားကပ်ရင် သတ်ကွင်းကြီးလေ။ ရှင်းလင်းနေတာ။ နောက်ပြီး အဆောက်အဦးက ကောင်းလို့ နေရာယူလို့ အရမ်းကောင်းတယ်။ တော်တန် ဒရုန်းလည်း ခံနိုင်ရည်ရှိလောက်မယ်”ဟု ၎င်းက ပြောသည်။

(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(အမှတ်(၂)နှင့် အမှတ်(၁)တံတား မဲဆောက်မြို့ဘက်ခြမ်း၌ လုံခြုံရေးယူနေသော ထိုင်းစစ်တပ်အား ယနေ့နံနက်က တွေ့ရစဥ်။ ဓာတ်ပုံ – PS)

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

ထိုစစ်သားများမှာ ထိုင်းနိုင်ငံသို့လည်း ဝင်​ရောက်ခွင့်မ​တောင်းဘဲ ​နောက်မှ စစ်ကူလာမည်ကို ​စောင့်ဆိုင်း​နေကြခြင်းဖြစ်သည်။ ​တော်လှန်​ရေးအဖွဲ့များက ၁၀ ရက်အချိန်​ပေးပြီး​နောက် ဧပြီ ၁၉ ရက်ညမှစ၍ ဒရုန်းဖြင့်စတိုက်ပြီး ထို​နောက် တစ်ညလုံးတိုက်ခိုက်​နေခြင်းဖြစ်သည်။ ထိုစစ်သားများ​စောင့်​နေ​သော စစ်ကူစစ်​ကြောင်းမှာလည်း ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်မှု​ကြောင့် ​ဒေါန​တောင် ခြေမှာပင်​ရှေ့မတိုးနိုင်ဖြစ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

Facebook