Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်ဒေသ၌ ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် AA အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်

AAကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းဒေသ၌ အခြေခံစစ်သင်တန်း၊ အရာရှိသင်တန်းများ ပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

▪️ရက္ခိုင်ဒေသ ထိုးစစ်မစမီ တစ်နှစ်ကျော်ကတည်းက စတင်ခဲ့ပြီး သင်တန်းသား ၃၂၀ ကျော် တက်ရောက်

▪️ရက္ခိုင်ဒေသ တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေးတွင်ပါဝင်နိုင်ကြောင်း လူငယ်များအား ဖိတ်ခေါ်

ဟန်နွေ/People’s Spring

ရက္ခိုင်(အာရက္ခ)တပ်တော်(AA)၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား မေလ ၂၀ရက် တွင် ရက္ခိုင်ဒေသ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

AA၏ အရာရှိသင်တန်းကို ယခင်က ကချင်ပြည်နယ်အတွင်း ၂ကြိမ်ပြုလုပ်ခဲ့ရာ ယခု အမှတ်စဉ်(၃)သည် ရက္ခိုင်ဒေသ၌ ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းလည်းဖြစ်သည်။ ၂၀၂၂ နိုဝင်ဘာတွင် အဆိုပါ သင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၃၂၆ဦးတက်ရောက် ခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ – AA Info Desk

အဆိုပါ သင်တန်းသားများအား ၂၀၂၃ ဇွန်လတွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြုသည့် အခမ်းအနား ကျင်းပခဲ့ပြီး နောက်ထပ် ၁၁လခန့်အကြာ ယခု မေလ ၂၀ရက်တွင် သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

AA၏ ပထမအကြိမ် အရာရှိသင်တန်းကို ၂၀၁၈ ဧပြီ ၁၀ရက်က ကချင်ပြည်နယ်၌ ပြုလုပ်ခဲ့ပြီးအပတ်စဉ် (၂)ကိုလည်း ကချင်ပြည်နယ်၌သာ ကျင်းပခဲ့သည်။

AAကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းဒေသ၌ အခြေခံစစ်သင်တန်း၊ အရာရှိသင်တန်းများ ပေးခဲ့ခြင်းဖြစ်သည်။

ရက္ခိုင်ပြည်နယ်၌ ပထမဆုံးဖွင့်လှစ်သည့် သင်တန်းသည် ၁နှစ်နှင့် ၇လနီးပါး ကြာမြင့်ခဲ့ပြီး ၂၀၂၃ နိုဝင်ဘာ ၁၃ရက် AA ၏ ရက္ခိုင်ဒေသ စစ်ဆင်ရေး မစတင်မီ ၁နှစ်ကျော်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ – AA Info Desk

အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အရာရှိသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

အမှတ်စဉ် (၄)နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ – AA Info Desk

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း လည်း AAက ဖိတ်ခေါ်ထားသည်။

AA၏ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ စတင်သည့် စစ်ဆင်ရေး ၆လကျော်အတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်၊ ရက္ခိုင်ပြည်နယ် မြောက်ဦး၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ဘူးသီးတောင် မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်အထိ အောင်မြင်မှု ရရှိထားသည်။

ဓာတ်ပုံ – AA Info Desk

ဆက်စပ်သတင်းများ

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၆)ရဲ့ အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ KNDFက ဒီဇင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)ကထုတ်ပြန်ခဲ့ပါတယ် ။ဒါဟာ သုံးပတ်အတွင်း စစ်တပ်လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အာရက္ခဒေသခံပြည်သူ၁၇ဦးထိသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဆောင်းပါး

ယောနသံ/People’s Spring လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်အုပ်စုဟာ အာရက္ခတပ်တော်(AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ သတင်းကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AAကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က...