Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်မှာအပစ်ရပ်ပြီး စစ်တပ်က ရက္ခိုင်​ဒေသမှာ ဗုံးကြဲ၊လက်နက်ကြီးပစ်တာပိုလုပ်လို့ သုံးပတ်အတွင်းပြည်သူ၁၇ဦးသေ၊၃၇ဦးဒဏ်ရာရ

အာဏာသိမ်းစစ်တပ်က ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)ကထုတ်ပြန်ခဲ့ပါတယ် ။ဒါဟာ သုံးပတ်အတွင်း စစ်တပ်လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အာရက္ခဒေသခံပြည်သူ၁၇ဦးထိသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ရက္ခိုင်ပြည်နယ်မှာ စစ်တပ်က နိုဝင်ဘာလအတွင်းဗုံးကြဲလို့အ​ဆောက်အအုံ​တွေပျက်စီး​နေမှု။ဓါတ်ပုံ-APM

နိုဝင်ဘာ ၁၇၊ ၂၀၂၅။ ပုရစ်/People’s Spring

အာဏာသိမ်းစစ်တပ်က ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)ကထုတ်ပြန်ခဲ့ပါတယ် ။ဒါဟာ သုံးပတ်အတွင်း စစ်တပ်လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အာရက္ခဒေသခံပြည်သူ၁၇ဦးထိသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာရက္ခတပ်​တော် ရဲ့ မဟာမိတ်တအာင်းတပ်မတော်(TNLA) နဲ့ အောက်တိုဘာ လကုန်ပိုင်းမှာ အပစ်ရပ်စဲပြီးနောက်နေ့မှာပဲ အာရက္ခဒေသကို လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ သေဆုံးထိခိုက်မှုများပြားခဲ့ပါတယ်။

အောက်တိုဘာ ၂၉၊ ၃၀ရက်နဲ့ ၃၁ရက်တွေမှာ ရက္ခိုင်ဒေသရှိ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်ဖြူ၊ ရသေ့တောင်မြို့နယ်တွေကို စစ်တပ်က လေကြောင်းက​နေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ​တွေ​ကြောင့်ကလေးငယ်၄ဦးအပါအဝင်ပြည်သူ ၁၂ဦးသေဆုံးကာပြည်သူ ၃၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုနိုဝင်ဘာ ၁၅ရက်မှာ စစ်တပ်ကရသေ့တောင်မြိုနယ်၊ဘာထလေရွာ နဲ့ နွားတင်းကုပ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ နွားတင်းကုပ်ကပြည်သူ ၂ဦး သေဆုံးကာ ဘာထလေရွာက ပြည်သူ ၃ ဦးသေဆုံးခဲ့ရတယ်လို့ AAကနိုဝင်ဘာ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုလေကြောင်းတိုက်ခိုက်လို့အရပ်သား နေအိမ်အချို့ ပျက်စီးသလို ဘာထလေမြစ်ချောင်းကမ်းဘေးရှိ စက်လှေ (၅) စီးလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေရဲ့စာရင်းအသေးစိတ်ကို ထပ်မံ အသိပေးသွားမယ်လို့လည်း AAက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စစ်ရေးအရ ရှုံနိမ့်တဲ့အခါ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုမိုပြုလုပ်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုသတိပြုဖို့ AAက နှိုးဆော်ထားပါတယ်။

AA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ရှမ်းမြောက်အခြေစိုက် တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့နဲ့အပစ်ရပ်စဲရေးလုပ်ဆောင်နိုင်ခဲ့တဲ့ စစ်ကောင်စီဟာ အရက္ခဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေ လက်ရဲဇက်ရဲ နေ့စဉ် ကျူးလွန်နေဆဲဖြစ်ကြောင်း AAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။