Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေကြောင့် ပြည်သူ​ထောင်ချီထွက်​ပြေးတိမ်း​ရှောင်​နေရ

လမ်း​တွေပိတ်သွားလို့ ​ရောက်ရာမြို့ရွာ​တွေမှာပဲ ပိတ်မိ​နေတဲ့ ပြည်သူ​တွေလည်းရှိ​နေ​သေးပြီး လမ်း​တွေပြန်ဖွင့်မယ့်ရက်ကို​စောင့်​နေကြတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

(တိုက်ပွဲ​တွေ​​ဖြစ်ပွားပြီးနေရပ်စွန့်ခွာထွက်​ပြေးတိမ်​ရှောင်​နေကြတဲ့ စစ်​​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-​ရွှေဖီ​မြေ)
(တိုက်ပွဲ​တွေ​​ဖြစ်ပွားပြီးနေရပ်စွန့်ခွာထွက်​ပြေးတိမ်​ရှောင်​နေကြတဲ့ စစ်​​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-​ရွှေဖီ​မြေ)

▪︎လူသားချင်းစာနာမှု ထောက်ပံ့ရေး အကျပ်အတည်းတွေ ပိုဆိုးလာနိုင်ကြောင်း UNOCHAဆို

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်ပွားခဲ့တာ​ကြောင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာ ၃၀ ထိ စုဆောင်း ရရှိထားတဲ့ အချက်အလက်တွေအရ ဒေသခံပြည်သူ ၆၂၀၀ ကျော်ဟာထွက်​ပြေးတိမ်း​ရှောင်​နေရတယ် လို့ UNOCHA ကထုတ်ပြန်ပါတယ်။

ဒါအပြင် အိမ်နီးချင်းတရုတ်နိုင်ငံကို ထွက်​ပြေးတိမ်း​ရှောင်​နေတဲ့ ပြည်သူရာနဲ့ချီ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ညီနောင် မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA တို့က ​အောက်တိုဘာ ၂၇ ရက်မနက်ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ၁၀၂၇ စစ်ဆင်​ရေး အဖြစ်ထိုးစစ်ဆင် တိုက်ခိုက် သိမ်းယူရာက ဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာပါတယ်။ လက်ရှိ အခြေအနေအရ ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ လောက်ကိုင်၊ နမ့်ခန်း နဲ့ မူဆယ်စတဲ့ ​ဒေသ​တွေမှာ တိုက်ပွဲတွေ အဓိက ပြင်းထန်နေပြီး အရပ်သား အသေအပျောက် သတင်းတွေ ကြားနေရသလို ဒေသခံတွေ ထောင်နဲ့ချီ စစ်ဘေး ရှောင်နေရတယ်လို့ UNOCHAက ဆိုပါတယ်။

(တိုက်ပွဲ​တွေ​​ဖြစ်ပွားပြီးနေရပ်စွန့်ခွာထွက်​ပြေးတိမ်​ရှောင်​နေကြတဲ့ စစ်​​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-​ရွှေဖီ​မြေ)
(တိုက်ပွဲ​တွေ​​ဖြစ်ပွားပြီးနေရပ်စွန့်ခွာထွက်​ပြေးတိမ်​ရှောင်​နေကြတဲ့ စစ်​​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-​ရွှေဖီ​မြေ)

တိုက်ပွဲ​တွေ​ကြောင့် ​နေရပ်စွန့်ခွာထွက်​ပြေသူ​တွေဟာသစ်​တော​တွေ ၊ဘာသာရေး အဆောက်အအုံတွေကိုထွက်​ပြေး တိမ်းရှောင် ခိုလှုံနေကြသလို၊ တရုတ်နိုင်ငံဖက်ခြမ်းထိ သွားရောက် ခိုလှုံနေသူ ရာနဲ့ချီ ရှိတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲတွေကြောင့် လားရှိုးနဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေ ဆက်စပ်ထားတဲ့ အဓိက လမ်းမတွေလည်း ပိတ်ကုန်ပြီး ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်ကုန်သလို မိုဘိုင်းဖုန်းကွန်ရက် ဆက်သွယ်မှုတွေလည်း ပြတ်တောက်ကုန်တဲ့အတွက် ဒေသခံ လူ့အဖွဲ့အစည်းတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့မယ့် လုပ်ငန်းစဉ်တွေမှာ ထိခိုက် ကြန့်ကြာမှုတွေ ရှိလာပါတယ်။ လားရှိုး လေဆိပ်ကလည်း နိုဝင်ဘာ ၃ ရက်ထက် ပိုစောပြီး ပြန်ဖွင့်နိုင်မယ့် အခြေအနေ မရှိသေးပါဘူး။

လမ်း​တွေပိတ်သွားလို့ ​ရောက်ရာမြို့ရွာ​တွေမှာပဲ ပိတ်မိ​နေတဲ့ ပြည်သူ​တွေလည်းရှိ​နေ​သေးပြီး လမ်း​တွေပြန်ဖွင့်မယ့်ရက်ကို​စောင့်​နေကြတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

လောလောဆယ်တော့ စစ်ရှောင်တွေဟာ လက်ခံထားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကိုပဲ အဓိက မှီခို အားကိုးနေရပြီး UNOCHAနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကတော့ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာပြီး လုံခြုံရေးအရ ပိုမို စိတ်ချလာရတာနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်တဲ့ နေ့မှာပဲ ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်မှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တို့က စစ်ကောင်စီကို ပူးပေါင်း ထိုးစစ်ဆင်ခဲ့ပါတယ်။ နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားလာတဲ့ အဲဒီ ပဋိပက္ခအတွင်း စစ်ရှောင်ရတဲ့ ပြည်သူတွေရဲ့ အခြေအနေကိုလည်း ဆန်းစစ်နေဆဲလို့ UNOCHAက ထုတ်ပြန်ပါတယ်။

(တိုက်ပွဲ​တွေ​​ဖြစ်ပွားပြီးနေရပ်စွန့်ခွာထွက်​ပြေးတိမ်​ရှောင်​နေကြတဲ့ စစ်​​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-​ရွှေဖီ​မြေ)
(တိုက်ပွဲ​တွေ​​ဖြစ်ပွားပြီးနေရပ်စွန့်ခွာထွက်​ပြေးတိမ်​ရှောင်​နေကြတဲ့ စစ်​​ဘေး​ရှောင်ပြည်သူ​တွေ ။ဓါတ်ပုံ-​ရွှေဖီ​မြေ)

လက်ရှိ အချိန်ထိတော့ ပဋိပက္ခ နယ်မြေတွေမှာ တိုးပွားလာတဲ့ စစ်ရှောင်ပြည်သူ အရေအတွက်ကို တိတိကျကျ အတည်ပြုနိုင်ဖို့ ခက်ခဲနေပြီး နောက်ထပ် ထပ်တိုးလာနိုင်ခြေတွေ ရှိနေဆဲလို့ UNOCHAက ခန့်မှန်းထားပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ထဲမှာ အပါအဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ မနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားပေမယ့် လက်ရှိ အခြေအနေအရ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရဲ့ စစ်ရေး အလှည့်အပြောင်း အခြေအနေတွေကို အလေးထား စောင့်ကြည့်ဖို့ လိုအပ်ကြောင်းလည်း UNOCHAက မှတ်ချက်ပေးသွားခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရင်ကတည်းက ရန်ပုံငွေ အကျပ်အတည်း ပြဿနာတွေ ရှိနေခဲ့တဲ့ မြန်မာ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး ကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး ပိုကြီးမားလာကြောင်း UNOCHAက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ရွာသာယာရွာကို တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဆည်လေးတောလမ်းဆုံကို စစ်ကြောင်းထိုးလာတာမို့ တော် လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာစစ်အုပ်စုက အလောင်းတွေ သယ်ထုတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ မိုးကောင်းမြို့နယ် နမ္မတီမြို့အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ မတ်-၁၀၊၂၀၂၆။မိုမို/People’s Spring မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။ စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။...

Facebook