Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ဆေးရုံတက်နေတဲ့ မြန်မာတစ်ဦးလူနာဆောင်ထဲမှာ ပစ်သတ်ခံရ

သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကို မသိရသေးပေမယ့် ရဲတွေကတော့ တရားခံဟာလည်း မြန်မာတစ်ဦး ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။

ခွဲစိပ်ရန်​​ဆေးရုံမှာ ​စောင့်ဆိုင်း​နေတဲ့မြန်မာလုပ်သားအ သတ်ခံခဲ့ရတဲ့​နေရာကို ထိုင်းရဲ​တွေစစ်​ဆေး​နေစဥ်
ခွဲစိပ်ရန်​​ဆေးရုံမှာ ​စောင့်ဆိုင်း​နေတဲ့မြန်မာလုပ်သားအ သတ်ခံခဲ့ရတဲ့​နေရာကို ထိုင်းရဲ​တွေစစ်​ဆေး​နေစဥ်

▪︎ကျူးလွန်သည်ဟုသံသယရှိသူမှာ ​သေဆုံးသူနှင့်စက်ရုံတစ်ခုတည်းမှာ အလုပ်လုပ်​​တဲ့ လတ်တ​လော​တိမ်း​ရှောင်​နေတဲ့ မြန်မာလုပ်သားလို့ထိုင်းရဲ​တွေသုံးသပ်

-People’s Spring

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား တစ်ဦးဟာ ခွဲစိတ်ကုသမှု ခံယူဖို့ ဆေးရုံတက်နေရင်း ဒီက​နေ့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ဇွန်လ ၇ ရက် မနက်အစောပိုင်းတုန်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ မွမ်ခရိုင်၊ ခွန်ကန်ဒေသက ပြည်သူ့ဆေးရုံမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် ကျော်စိုးအောင်ဟာ ဆေးရုံရဲ့ ပဉ္စမထပ်မှာရှိတဲ့ အမျိုးသား ခွဲစိတ်လူနာဆောင်မှာ တက်ရောက်နေတာလို့ ဆိုပါတယ်။ သူဟာ နောက်ကျောဖက်က အဖုအကြိတ် တစ်ခုကို ခွဲစိတ်မှု ခံယူဖို့ စောင့်ဆိုင်းနေခဲ့တာပါ။

သံသယ တရားခံကို ထိုင်းရဲပြသ​နေစဥ်
သံသယ တရားခံကို ထိုင်းရဲပြသ​နေစဥ်

ကျော်စိုးအောင်ရဲ့ ထိုင်းအမျိုးသမီး ချစ်သူက ကျော်စိုးအောင်မှာ အငြှိုးဖွဲ့ ရန်ဖြစ်လောက်စရာ အခြေအနေမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လောလောလတ်လတ် အနေနဲ့ သူဟာ လုပ်ဖော်ကိုင်ဖက် တစ်ဦး ဆီက ဘတ်ငွေ ၁၂၀၀၀ ချေးယူထားပြီး အပေါင်သဘောမျိုးအဖြစ် သူ့ရဲ့ ATM ငွေထုတ်တဲ့ကတ်ကို ပေးထားခဲ့တယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ကိုယ်တော် ပြစ်မှု ကျူးလွန်တယ်လို့ ယူဆရတဲ့ သေနတ်သမားဟာ ဇွန်လ ၆ ရက် ညသန်းခေါင် နီးပါးလောက်မှာ ဆေးရုံကို ရောက်လာပြီး ကျော်စိုးအောင် ဘယ်မှာ ရှိသလဲဆိုတာ သူနာပြုတွေကို မေးခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ အဲဒီနောက် သူဟာ ခွဲစိတ်လူနာဆောင်ဆီ တက်လာပြီး အိပ်ပျော်နေတဲ့ ကျော်စိုးအောင်ရဲ့ နောက်စေ့ကို တစ်ချက်တည်း ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

ဆေးရုံ ဝန်ထမ်းတွေက ကျော်စိုးအောင်ကို အရေးပေါ် ခွဲစိတ်ကုသခန်းထဲ ရွှေ့ပြောင်းပြီး အသက်လု ကယ်တင်ဖို့ ကြိုးစားပေမယ့် လူနာက သေဆုံးနေပြီလို့ပဲ အတည်ပြု ကြေညာနိုင်ခဲ့ပါတယ်။

သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကို မသိရသေးပေမယ့် ရဲတွေကတော့ တရားခံဟာလည်း မြန်မာတစ်ဦး ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။

ကျော်စိုးအောင်နဲ့ ချစ်သူအမျိုးသမီးဟာ ခွန်ကန်မှာရှိတဲ့ ငါးဖမ်းပိုက် စက်ရုံတစ်ခုမှာ အတူ အလုပ်လုပ်နေကြတာပါ။ သူတို့နှစ်ဦး တွဲနေတာ ၄ နှစ်ကျော်ပြီဖြစ်ပြီး အခန်းအတူ ငှားနေတယ်လို့ အမျိုးသမီးက ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။ ကျော်စိုးအောင်ဟာ နောက်ကျောက အကြိတ်ကို ခွဲစိတ်ဖယ်ရှားဖို့ ဆေးရုံကနေ ရက်ချိန်းရထားတဲ့နေ့မှာ ပစ်သတ် ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ကတော့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ခြေရာခံပြီး သဲလွန်စတွေ စုဆောင်းနေပါတယ်။

လောလောဆယ် ရဲတွေရဲ့ နံပါတ်တစ် ဦးစားပေး သံသယရှိသူကတော့ ကျော်စိုးအောင်နဲ့ စက်ရုံတစ်ခုတည်းမှာ အလုပ်လုပ်နေပြီး လတ်တလော တိမ်းရှောင်နေတယ်လို့ ယုံကြည်ရတဲ့ မြန်မာအမျိုးသား တစ်ဦးလို့ သိရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။