Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း ရှေ့မတိုးဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သော ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

(အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)
(အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)

▪️ဇွန်လ ၃ရက်ကတိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ ရုပ်အလောင်း ၉လောင်းသိမ်းရ

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးစစ်ကြောင်းထိုးလာခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်သာ ရမ်းသမ်းပစ်ခတ်နေသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ကြည့်ရတာ အပေါ်ကိုထိတွေ့မှုဖြစ်နေတယ်ဆိုပြီး အသံပေးလိမ်ပြီးတင်ပြနေတဲ့ သဘောရှိတယ်။ အောင်ဇေယျလို့သာ ခေါ်ခေါ်နေရတာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကို အားနာမိတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ် က ပြောသည်။

ယနေ့( ဇွန်လ ၇ရက်)တွင် အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးစစ်ကြောင်းထိုးလာခြင်းမရှိဘဲ ရောက်ရှိတပ်စွဲထားသည့်နေရာမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇွန်လ ၃ရက်ကဖြစ်ပွားသည့်တိုက်ပွဲနေရာအားရှင်းလင်းရာ အောင်ဇေယျစစ်ကြောင်း​၏ ရုပ်အလောင်း ၉လောင်းတွေ့ရှိခဲ့သည်ဟု အဆိုပါ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ထို့အပြင် အသားဖြူဖြူဖြင့် ရုပ် အလောင်းတစ်လောင်းပါရှိ၍ အရာရှိဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

” မိမိအလောင်းတောင် မကောက်နိုင်ဘူးဆိုတော့ အခြေအနေကို တွက်ကြည့်ရင်သိနိုင်မှာပါ။ ရှေ့ဆက် ဒီထက်ပိုဆိုးတဲ့တုံ့ပြန်မှုနဲ့ အောင်ဇေယျက ရင်ဆိုင်ရအုံးမယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၃ရက်ညက ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော်ရှိ ဘုရားကုန်းဝန်းကျင်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောက်သော တော်လှန်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းထံမှ RPG တစ်လက်နှင့် ကျည် ဘောက်များသိမ်းဆည်းရရှိခဲ့သည်။ ထို့နောက် နယ်မြေရှင်းလင်းရာ အောင်ဇေယျစစ်ကြောင်း​၏ ရုပ်အလောင်း ၉လောင်းရရှိခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အင်းအားဖြည့်တင်းမှုများ မရှိတော့ဟုလည်း ၎င်းက ဆက်ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ ဇွန်လ ၁ရက်ကလည်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက ရှေ့တိုးရန်ကြိုးပမ်းလာ၍ တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲမှာ နောက်တနေ့ ဇွန်လ ၂ရက် ညနေပိုင်းအထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ သေနတ်ခြောက်လက်နှင့် စစ်ကောင်စီရုပ်အလောင်းကိုးလောင်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းဆည်းရရှိသည်။

ထို့အပြင် ဇွန်လ ၁ရက်က တိုက်ပွဲအတွင်းကလည်း အောင်ဇေယျတပ်သားအလောင်းနှစ်လောင်းကျန်ခဲ့သည်။

မေလ ၃၀ရက်ကလည်း ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းသည် ရှေ့တိုးရန်ကြိုးပမ်းလာ၍ မိနစ် ၃၀ကြာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီက Y-12လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ ပစ်ကူပေးခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းမှာ တောနောရေတံခွန်အကျော် ဘုရားကုန်းအနီး၌ ရပ်တန့်နေဆဲဖြစ်သည်။

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ဇွန်လ ၆ရက်က နှစ်လပြည့်ခဲ့ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းမှာ မော်လမြိုင်မှ မြဝတီမြို့ခရီးစဉ်အား နှစ်လပြည့်သည်အထိ မြဝတီမြို့သို့ မရောက်ရှိသေးဘဲ ဒေါနတောင်ပေါ်၌သာ ရပ်တန့်နေသည်။

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သော ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook