Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီရိက္ခာတင်ရေယာဉ် တိုက်ခိုက်ခံရ

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ယောနသံ/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရရသွားကြောင်း သတင်းရရှိသည်။

စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ထုံးကြီးကျေးရွာသို့ ဇွန်လ ၁၁ရက်က ရိက္ခာလာသယ်စဉ် နံနက် ၄နာရီတွင် တစ်ကြိမ်၊ ညနေ ၄နာရီခန့်တွင် တစ်ကြိမ်တိုက်ခိုက်ခြင်းဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

၎င်းက” မနက်ပိုင်းတိုက်ခိုက်မှုမှာ တစ်ယောက် သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ညနေပိုင်းမှာ နှစ်ယောက်ဒဏ်ရာရတယ်။ ရိက္ခာလာသယ်တာကို ကြားဖြတ်တိုက်တာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

အဆိုပါကျေးရွာများမှတဆင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေသည်။

ရွာသာယာကျေးရွာသည် ဧရာဝတီမြစ်လယ်ရှိ မြေနုကျွန်းရွာဖြစ်ပြီး ထိုရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘခုံးကြီးရွာသို့ ရိက္ခာသွားရောက်သယ်ဆောင်လေ့ရှိသည်။ ထိုသို့သယ်ဆောင်တိုင်းတွင် ဘေးပတ်ဝန်းကျင်ရွာများအား သေနတ်များဖြင့်ပစ်ခတ်လေ့ရှိကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာလာတင်သည့် စစ်ကောင်စီရေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဇွန်လ ၁၁ရက် နံနက် ၇နာရီခန့်တွင် စဉ့်ကူးမြို့၊ထီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး CDM ကျောင်းဆရာမဒေါ်ဇင်မေဝင်း သေဆုံးခဲ့သည်။ဆရာမ၏ဖခင်ဖြစ်သူအပါအဝင် နှစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ထို့အပြင် နေ့လယ်ဘက်တွင် ဝါးပိုးနှင့် ဒိုးနွယ်ရွာကို စစ်ကောင်စီကလေကြောင်းမှသုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

” ၈၁တွေ၊၁၂၀တွေ(လက်နက်ကြီး)နဲ့ ပစ်နေတာ ထုံးစံပဲ။ ဒေသခံတွေခမျာ တော်တော်လေး သတိနဲ့ နေရတယ်”ဟု စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။

လူထုနှင့်ဖြစ်ပွားနေသည့်တိုက်ပွဲတွင် အထိနာပြီး စစ်ရှုံးနေသည့်စစ်ကောင်စီတပ်က အရပ်သားများကိုပစ်မှတ်ထား၍ တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အာရက္ခတပ်တော်(AA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။