Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်က ဝင်းနိမ္မိတာရုံဆရာတော်ကြီးအား ပစ်သတ်ပြီး ၄ရက်အကြာတွင် နောက်ထပ် ဆရာတော်တစ်ပါးအား ထပ်မံပစ်သတ်

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးအား ပစ်သတ်ပြီး ၄ရက်အကြာတွင် နောက်ထပ် ဆရာတော်တစ်ပါးကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

(ပျံလွန်တော်မူခဲ့သော ဆရာတော်ဦးဥတ္တမ၏ လိုက်ပါသော ယာဥ်အား ပစ်ခတ်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပျံလွန်တော်မူခဲ့သော ဆရာတော်ဦးဥတ္တမ၏ လိုက်ပါသော ယာဥ်အား ပစ်ခတ်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️မြင်းခြံတွင် လူနာတင်ယာဥ်ဖြင့်လာသောဆရာတော်တစ်ပါးကို ပစ်သတ်ခဲ့ခြင်းဖြစ်

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီတပ်က လူနာတင်ယာဥ်တစ်စီးအားပစ်ခတ်ခဲ့ရာ ယာဥ်ပေါ်ပါ ဆရာတော်တော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးအား ပစ်သတ်ပြီး ၄ရက်အကြာတွင် နောက်ထပ် ဆရာတော်တစ်ပါးကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂၂ရက် ည ၁၀နာရီခန့်က မြင်းခြံမြို့၊ အမှတ်(၁၈)၊ဝန်ထမ်းကွက်သစ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဥ် ပစ်ခတ်ခဲ့သောကြောင့် ဆရာတော်တစ်ပါးပျံလွန်တော်မူခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

Public Service Announcement

Public Service Announcement

(ပျံလွန်တော်မူခဲ့သော ဆရာတော်ဦးဥတ္တမ၏ လိုက်ပါသော ယာဥ်အား ပစ်ခတ်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပျံလွန်တော်မူခဲ့သော ဆရာတော်ဦးဥတ္တမ၏ လိုက်ပါသော ယာဥ်အား ပစ်ခတ်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အဆိုပါ ဆရာတော်မှာ ဆခမကျေးရွာမှဖြစ်ပြီး မြင်းခြံမြို့ပေါ်သို့ လူနာတင်ယာဥ်ဖြင့် လူနာလာပို့စဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဆရာတော်မှာ သက်တော်(၅၀)၊ ဝါတော် (၁၂)ဝါရှိ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။

“အဲဒီ (၁၈)ရပ်ကွက်နားမှာလည်း စစ်တပ် ဂိတ်တွေ၊ဘာတွေရှိတယ်။ PDF ထင်ပြီးပစ်တာ”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါ အမှတ်(၁၈)ရပ်ကွက်နေ ၎င်းတို့နှင့်နီးစပ်သူများအား ယမန်နေ့ညက နယ်မြေရှင်းလင်းမည်ကို ကြိုတင်သတင်းပေးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုသည်။

သိူ့သော် စစ်ကောင်စီကမူ ထုံးစံအတိုင်း Myingyan Black Tiger PDFအဖွဲ့က ပစ်ခတ်ခဲ့၍ ဆရာတော်ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ယမန်နေ့ညက Myingyan Black Tiger (MBT)PDFအဖွဲ့အပါအဝင် မည်သည့်မဟာမိတ်အဖွဲ့ကမျှ စစ်ရေးလှုပ်ရှားမှုမရှိခဲ့ဘဲ စုံစမ်းချက်အရ အဆိုပါနေရာတွင် စစ်တပ်ကင်းပုန်းများသာရှိ၍ စစ်တပ်ကသာကျူးလွန်ခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“မြင်းခြံမြို့ပေါ်က သူတို့စိုးမိုးနယ်မြေ။ မြင်းခြံမြို့ပေါ်တင် မဟုတ်ပါဘူး။ မြင်းခြံနယ်တော်တော်များများက သူတို့စိုးမိုးနယ်မြေပါပဲ။ တချို့နေရာတွေလောက်ပဲ PDFက ရှိတာပါ။ အဲဒီဘက်ခြမ်းမှာဆိုလည်း သူတို့က အပြည့်အဝစိုးမိုးနိုင်တဲ့အနေအထားတွေ ရှိပါတယ်။ ဒါကိုသက်သက်လုပ်ကြံတာပါ။”ဟု ဗိုလ်မိုက်ခဲက ရှင်းပြသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၉ ရက်ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် အိမ်စီးကားတစ်စီးကိုပစ်ခတ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။