Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တိုက်ပွဲစစ်​ကောင်စီတပ် ၁၃ ဦး​​သေ ၊ ၄ ဦး အရှင်ဖမ်းမိ

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(မလှိုင်ပကဖ နှင့်ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-မလှိုင် ပကဖ)
(မလှိုင်ပကဖ နှင့်ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-မလှိုင် ပကဖ)

ရဲခေါင်/People’s Spring

မြင်းခြံမြို့နယ်အတွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကြောင်း မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( မလှိုင် ပကဖ )နှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

အဆိုပါစစ်​ကြောင်းမှ သေဆုံး၊ဖမ်းမိခဲ့သည့် စစ်​ကောင်စီတပ်သား များ ပါဝင်သော ရုပ်သံဖိုင်မှတ်တမ်းမှာလည်း လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့လျက်ရှိသည်။ စစ်​ကောင်

Public Service Announcement

Public Service Announcement

စီတပ်သား အ​လောင်း ၁၃ ​လောင်းကို ကား​ပေါ်တွင်တင်ထားသည်ကို​တွေ့ရပြီး စစ်သားအ​လောင်းများကို ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကဆွဲလာခြင်း ၊စစ်သားအချို့ကို ဖမ်းလာသည်ကိုလည်း ရုပ်သံမှတ်တမ်း၌ ​တွေ့ရသည်။ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/44852 တွင်ကြည့်ရှုနိုင်ပါသည်။

“ဒီလ(ဇွန်လ) ၄ ရက်နေ့က တိုက်ပွဲပေါ့။နေရာအသေးစိတ်တော့ လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဘူး။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မလှိုင် ပ.က.ဖ နှင့် နီးစပ်သူကရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက နွားထိုးကြီး နှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ကြောင်းများထိုးလျှက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်​ကြောင်း ​ဒေသခံခံသတင်းရင်းမြစ်အချို့က ​ပြောသည်။

“စစ်ကြောင်းထိုးပြီးတိုက်ပွဲတွေဆက်ဖြစ်နေဆဲမို့လို့ ဘာမှပြန်မဖြေပေးနိုင်တာကို နားလည်ပေးနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်”ဟု မြင်းခြံမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

အင်အား ၂၀၀ ကျော်ပါ​သောစစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းသည် မေလ ဒုတိယပတ်ကစ၍မြင်းခြံမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်နေ၍ ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြည်သူ့ပစ္စည်းများလုယက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းစ​သဖြင့် နည်းမျိုးစုံဖြင့်အကြမ်းဖက်​နေကြောင်း ဒေသခံအချို့က​ပြောသည်။ စစ်​ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များကလည်း​ပြောက်ကျားနည်းဖြင့်တိုက်လိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေး နှင့် မှော်ဝမ်းကြီးရွာ၌ ယနေ့ညနေပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေပြီး ညပိုင်းတိုက်ပွဲတွင်ပိတ်မိနေသည့်အရပ်သားအချို့ ထိခိုက်မှုများရှိနေကြောင်းကနဦးသတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့ ဇွန် ၁၅ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။