Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးပိုပြင်းထန်လာ၍ မြန်မာပြည်သူများ လူမှုဘဝလုံခြုံရေးနှင့် စားနပ်ရိက္ခာကြိုပြင်ထားရန် TNLA ခေါင်းဆောင်တိုက်တွန်း

မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။

(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပေါ်သားလေး)
(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပေါ်သားလေး)

ထားမြတ်/People’s Spring

မြန်မာနိုင်ငံတဝန်း စစ်ရေးအရှိန်ပိုပြင်းထန်လာနေသည့် အခြေအနေတွင် စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး စစ်ဆင်ရေးများ ပိုလုပ်လာ၍ ပြည်သူများအနေဖြင့် လူမှုဘ၀လုံခြုံရေးအတွက်အစီအမံများ ကြိုပြင်ဆင်ထားရန် တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က တိုက်တွန်းသည်။

တအာင်း ဒေသစစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်ကို TNLAက (ဇွန်လ ၂၄ရက်)တွင် ရုပ်သံဖြင့် ဖော်ပြခဲ့ရာ တအာင်းဒေသပြည်သူများသာမက မြန်မာပြည်သူတစ်ရပ်လုံး ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းချက်ကို ထည့်သွင်း ပြောကြားခဲ့သည်။

(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပေါ်သားလေး)
(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – တောင်ပေါ်သားလေး)

TNLAနှင့် မဟာမိတ်များသည် စစ်ကောင်စီနှင့် အပစ်ရပ်သဘောတူညီချက်ရှိသော်လည်း စစ်ကောင်စီဘက်က လိုက်နာခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာ၍ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ခြေရှိကြောင်း TNLA ခေါင်းဆောင်က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“စားနပ်ရိက္ခာကိစ္စတွေက ကျနော်မြင်တယ်။ ကျနော်တို့ တအာင်းပလောင်ဒေသ နောက် မြန်မာနိုင်ငံမှာရှိတဲ့ လူထုအားလုံးသတိထားသင့်တဲ့ အနေအထားဖြစ်တယ်လို့ ကျနော်မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။

(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပေါ်သားလေး)
(ယနေ့နံနက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့အခြေအနေအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ – တောင်ပေါ်သားလေး)

“ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံးက ဒီကိစ္စကို ကိုယ့်ဒေသအတွင်းမှာ အားလုံးက စစ်ဘေးသင့်နေတဲ့ ဒုက္ခသည်တွေပဲဖြစ်တယ်။ ဒါတွေအားလုံး အတူတူ ပူးပေါင်းဖြေရှင်းဖို့လိုတယ်။ စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးလုပ်နေတဲ့ ကာလထဲမှာ ကျနော်တို့ အောင်မြင်မှုတွေမရခင် ဒီလို အခက်အခဲတွေ ပိုပြီး ပြင်းထန်လာနိုင်တဲ့အနေအထားရှိပါတယ်။ဒါကြောင့်မို့လို့ လူမှုဘ၀ လုံခြုံရေးရော စားနပ်ရိက္ခာ ဖူလုံရေးအတွက်ရောပြင်ပြင်ဆင်ဆင်နဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့လိုအပ်တယ်။ ကျနော်တို့တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးကလည်း ဒီအခြေအနေဆိုးတစ်ရပ်ကို ကျော်လွှားနိုင်အောင် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

TNLA ခေါင်းဆောင်က လူထုသို့စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီးနောက် ယနေ့ နံနက်ပိုင်း၌ပင် ကျောက်မဲ အပါအဝင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲတွင် မနက်အစောပိုင်းကတည်းက ပစ်ခတ်မှုများရှိနေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ရှမ်းမြောက် ပြည်ထောင်စုလမ်းမတလျောက် သီပေါမှ နောင်ချိုမြို့အထိ ခရီးသွားယာဉ်များ ရောက်သည့်နေရာ၌ ရပ်ထားကြရန် ဒေသခံက လူမှုကွန်ရက်မှ အသိပေး ရေးသားချက်အချို့တွေ့ရသည်။

ကျောက်မဲ၊ သီပေါ၊နောင်ချိုမြို့ပတ်ဝန်းကျင်နေရာများ၌ ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းဒေသခံကပြောကြားသည်။ ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်သည်ဟုလည်းသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။