Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့တိုက်ပွဲ စစ်ကောင်စီတပ်ထိခိုက်မှုရှိ

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

(နောင်ချိုတွင် ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DPLF)
(နောင်ချိုတွင် ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်နေသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - DPLF)

▪️မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု DPLF ပြော

မက်ကစံ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု တိုက်ပွဲအတွင်းပါဝင် တိုက်ခိုက်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

” လောလောဆယ် နောင်ချိုမှာစစ်ဆင်ရေးဖွင့်တာဖြစ်တဲ့အတွက် ၁၄၄၊ ၁၅၅ နဲ့လည်းထိတွေ့မှုတော့ရှိပါတယ်။ ဒီနေ့ ညနေ ၅နာရီခွဲလောက် လတ်တလောမှာတော့ မြို့ထဲမှာတိုက်ပွဲဖော် ဆောင်နေတာရှိတယ်”ဟု ၎င်းက ပြောသည်။

နောင်ချိုမြို့ပေါ်၌ ယနေ့(ဇွန်လ ၂၅) ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်ကတော့ ထိခိုက်မှုကတော့ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုအနည်းငယ်တော့ရှိတယ်”ဟု DPLF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိတွင် တအာင်းတပ်မတော်(TNLA)က ဦးဆောင်ပြီး မန္တလေး PDF၊ DPLFအပြင် ဒေသခံအခြား PDFများလည်း ပါဝင်တိုက်ခိုက်နေသည် ဟု ၎င်းက ဆက်ပြောသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအချို့ကို တအောင်းတပ်မတော်(TNLA)ပူးပေါင်းတပ်က သိမ်းထားပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၂၅) နံနက်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ(၁၁၄)နှင့် (၁၁၅)တပ်ရင်းအား TNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်ကြမ်းကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“ကားဆရာက အရင်ရွှေနောင်ချိုကားဆရာ ကိုဘုန်းနိုင်တဲ့။ ဘယ်ဘက်ကပစ်လို့ ထိတာလဲတော့မသိဘူး”ဟု နောင်ချိုဒေသခံက ပြောသည်။

ထို့အပြင် TNLA ပူးပေါင်းတပ်များက နောင်ချိုမြို့အတွင်း ဝင်ရောက်လာပြီး မြို့တွင်းတိုက်ပွဲဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

နေ့လယ်ပိုင်းတွင် မြို့ရှိ ဆေးရုံ၊ မိုးဇလရုံးနှင့် မီးသတ်ရုံးအား သိမ်းယူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။ ထို့အပြင် ရဲစခန်းအား သိမ်းယူရန်တိုက်ခိုက်နေပြီး အဆိုပါနေရာတွင် ပစ်ခတ်မှုဖြစ်နေသည်ဟု ဒေသခံက နေ့လယ်ပိုင်းတွင် ပြောသည်။ သို့သော် ရဲစခန်းအား TNLAပူးပေါင်းတပ် သိမ်းပိုက်မှုအခြေအနေကို မသိရသေးပေ။

ထို့အပြင် နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားသည်ဟု ၎င်းက ဆက်ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇စစ်ဆင်ရေးအဆက်ဟု တရားဝင်ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ် မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဇွန်လ ၂၅ရက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။