Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ရှိ စစ်ကောင်စီရုံးအချို့ကို TNLAပူးပေါင်းတပ် သိမ်းပိုက်

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီရုံးအချို့ကို TNLAပူးပေါင်းတပ် သိမ်းပိုက်
နောင်ချိုမြို့ရှိ စစ်ကောင်စီရုံးအချို့ကို TNLAပူးပေါင်းတပ် သိမ်းပိုက်

▪️တိုက်ပွဲအတွင်း ကျည်ထိမှန်၍ အရပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မက်ကစံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ် ကောင်စီ​၏ ဌာနဆိုင်ရာရုံးအချို့ကို တအောင်းတပ်မတော်(TNLA)ပူးပေါင်းတပ် သိမ်းထားပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၂၅) နံနက်တွင် နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ​၏ ခမရ(၁၁၄)နှင့် (၁၁၅)တပ်ရင်းအား TNLA ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နောင်ချိုမြို့အဝင်ရှိ ကျောက်ကြမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်ကြမ်းကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုအတွင်း အင်းဝိုင်းသကြားစက်မှ ဘန့်ဘွေးရွာသွားသည့် မြင့်မြတ်ချိုယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

“ကားဆရာက အရင်ရွှေနောင်ချိုကားဆရာ ကိုဘုန်းနိုင်တဲ့။ ဘယ်ဘက်ကပစ်လို့ ထိတာလဲတော့မသိဘူး”ဟု နောင်ချိုဒေသခံက ပြောသည်။

ထို့အပြင် TNLA ပူးပေါင်းတပ်များက နောင်ချိုမြို့အတွင်း ဝင်ရောက်လာပြီး မြို့တွင်းတိုက်ပွဲဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

နေ့လယ်ပိုင်းတွင် မြို့ရှိ ဆေးရုံ၊ မိုးဇလရုံးနှင့် မီးသတ်ရုံးအား သိမ်းယူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။ ထို့အပြင် ရဲစခန်းအား သိမ်းယူရန်တိုက်ခိုက်နေပြီး အဆိုပါနေရာတွင် ပစ်ခတ်မှုဖြစ်နေသည်ဟု ဒေသခံက နေ့လယ်ပိုင်းတွင် ပြောသည်။ သို့သော် ရဲစခန်းအား TNLAပူးပေါင်းတပ် သိမ်းပိုက်မှုအခြေအနေကို မသိရသေးပေ။

” ဈေးနားလေးမှာ စစ်သားတွေက မိုက်တဲ့ကောင်ထွက်ခဲ့အော်နေတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားသည်ဟု ၎င်းက ဆက်ပြောသည်။

“ဘူတာရပ်ကွက်မှာ သေနတ်နဲ့ပစ်လို့ နေအိမ်တံတာပိတ်တုန်းမှာ သေနတ်ကျည်ထိမှန်တာ”ဟု ဒေသခံက ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇စစ်ဆင်ရေးအဆက်ဟု တရားဝင်ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ယနေ့(ဇွန်လ ၂၅)တိုက်ပွဲများ ဖြစ်ပွားနေကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။