Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အကူအညီပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိုင်းဘဏ်တွေ ခုခံပြောဆို

စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က သတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ ထိုင်းဘဏ်တွေက အားပေးအားမြှောက် သဘောမျိုး ပါဝင်နေတာကို လုံးဝ လက်ခံလို့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားပါတယ်။

(ထိုင်းအောက်လွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေး ကော်မတီမှာ တက်​ရောက် ​ဆွေး​​နွေးနေတဲ့တွမ်အင်ဒရူး ။ဓါတ်ပုံ- ဘန်​ကောက်ပိုစ်)
(ထိုင်းအောက်လွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေး ကော်မတီမှာ တက်​ရောက် ​ဆွေး​​နွေးနေတဲ့တွမ်အင်ဒရူး ။ဓါတ်ပုံ- ဘန်​ကောက်ပိုစ်)

အာဏာသိမ်း စစ်ကောင်စီက စစ်လက်နက်တွေ ဝယ်ယူနိုင်အောင် သွယ်ဝိုက် အကူအညီ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းဘဏ်တွေက ဖြေရှင်းချက်ပေး တုံ့ပြန်ခဲ့ပါတယ်။

ထိုင်းရဲ့ ထင်ရှားတဲ့ ဘဏ်တချို့က အောက်လွှတ်တော်ရဲ့ ကော်မတီ ကြားနာမှု တစ်ခုမှာ သူတို့အနေနဲ့ ငွေကြေးလွှဲပြောင်းမှု အားလုံးမှာ စစ်လက်နက် ဝယ်ယူမှုနဲ့ ဆက်စပ်သလား ဆိုတာကို အလုံးစုံ စောင့်ကြည့်စစ်ဆေးဖို့ မဖြစ်နိုင်ဘူးလို့ တင်ပြခဲ့ပြီး ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့တော့ ရှိရင်းစွဲ ဥပဒေ စည်းမျဉ်းတွေကို လိုက်နာခဲ့တယ်လို့ ခုခံ ပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လတုန်းက ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ ထိုင်းဘဏ် ၅ ခုရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုပြီး ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ဆက်စပ် ပစ္စည်း ဒေါ်လာ သန်း ၂၀ ဖိုး တင်သွင်းခဲ့တယ်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် နှစ်တုန်းက ဒေါ်လာ သန်း ၆၀ ရှိခဲ့တာထက် လျော့ကျသွားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာမှာတော့ ထိုင်းကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ရဟတ်ယာဉ်တွေနဲ့ လေယာဉ် အပိုပစ္စည်းတွေ၊ ဆက်သွယ်ရေးနဲ့ အိုင်တီ နည်းပညာ ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ ကိရိယာ တန်ဆာပလာတွေ၊ ချောဆီတွေနဲ့ လောင်စာဆီတွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပေမယ့် အမျိုးအမည် တစ်ခုချင်းအလိုက် တင်ပို့မှု တန်ဖိုးနဲ့ ပမာဏတွေကိုတော့ အသေးစိတ် ပိုင်းခြားပြမထားပါဘူး။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို အထီးကျန်အောင် ဖိအားပေး အဆက်ဖြတ်ထားတဲ့ နိုင်ငံတကာ အားထုတ်မှုတွေဟာ အဲဒီ ငွေကြေးအပေးအယူ ကိစ္စတွေကြောင့် ထိရောက်မှု အားနည်းခဲ့ရတယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာမှာ ပါရှိခဲ့ပါတယ်။

စစ်ကောင်စီကတော့ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ထိုင်းမှာတော့ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ပတ်သက်လို့ထိုင်း အောက်လွှတ်တော်ရဲ့ အမျိုးသား လုံခြုံရေး ကော်မတီက ဘဏ်အသီးသီးရဲ့ ကိုယ်စားလှယ်တွေကို ဆင့်ခေါ်ပြီး မေးမြန်း ကြားနာခဲ့ပါတယ်။ အန်ဒရူးစ်ရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီဟာ ဘဏ် ၁၆ ခုကို ချိတ်ဆက် အသုံးချပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို ကျော်လွှားရင်း ပြည်သူလူထု ထိခိုက်စေတဲ့ စစ်လက်နက်တွေ ဝယ်ယူရေးကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ ပါတဲ့ ထိုင်းဘဏ်တွေကတော့ ခရွန်ထိုင်းဘဏ်၊ ထိုင်းစီးပွားရေးဘဏ်၊ ဘန်ကောက်ဘဏ်၊ TMB သာနာချတ်ဘဏ်၊ ကာဆီကောင်ဘဏ်တို့ဖြစ်ပြီး ခရွန်ထိုင်းရဲ့ အကြီးတန်း အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ပွန်ဆစ် ချိုင်ချူပွန်ဆွတ်ခ်က ဘဏ်တွေဟာ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ လိုက်နာနိုင်တယ် ဆိုပေမယ့် ငွေကြေး လွှဲပြောင်းမှုတွေဟာ စစ်တပ်အတွက် လောင်စာဆီ ဝယ်ယူဖို့အတွက်လား ဆိုတာမျိုးကိုတော့ စိစစ်နိုင်ဖို့ ခက်ခဲကြောင်း ဖြေရှင်းခဲ့ပါတယ်။

ထိုင်းဗဟိုဘဏ်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့ ငွေကြေး လွှဲပြောင်းမှု အားလုံးကို စစ်ဆေးမှာဖြစ်ကြောင်း၊ လိုအပ်လာရင် ပိုမို တင်းကျပ်တဲ့ ကန့်သတ်မှုတွေကို ပြဋ္ဌာန်းသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ထိုင်းအတိုက်အခံ ပါတီ Move Forwardရဲ့ ရွေးကောက်ခံ အမတ်တစ်ဦးဖြစ်သူ ရန်ဆီမန်ရုမ်ကတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အထိ ကာလအတွင်း မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ရောင်းချမှုကို သိသိသာသာ လျှော့ချဖို့ စည်းမျည်းတွေ တင်းကျပ်ခဲ့တဲ့ စင်ကာပူကို အတုယူဖို့ တိုက်တွန်းသွားပါတယ်။

စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က သတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ ထိုင်းဘဏ်တွေက အားပေးအားမြှောက် သဘောမျိုး ပါဝင်နေတာကို လုံးဝ လက်ခံလို့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။