Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ခရစ်ယာန်ကျမ်းစာသင်ကျောင်း စစ်တပ်ဗုံးကြဲမှု ကျောင်းသူ ၁ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်ကို စစ်တပ်က လေကြောင်းက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် ကျမ်းစာသင်ကျောင်းလည်းထိမှန်ခဲ့ပြီး ကျမ်းစာသင်ကျောင်း တက်ရောက်သင်ကြားနေသူ ၁ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်။

(ဖာပွန်ခရိုင်ကခရစ်ယာန်ကျမ်းစာသင်ကျောင်း စစ်တပ်ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)

နိုဝင်ဘာ-၆၊၂၀၂၆။ထားမြတ်၊နိုင်ပကောင်း /People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်ကို စစ်တပ်က လေကြောင်းက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် ကျမ်းစာသင်ကျောင်းလည်းထိမှန်ခဲ့ပြီး ကျမ်းစာသင်ကျောင်း တက်ရောက်သင်ကြားနေသူ ၁ဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၃ရက်မှာ လူသောမြို့နယ် ပေးကေးဒဲကျေးရွာအုပ်စု ဒေပူနို၊ ဖောစေးပူ၊ ကလိုးဘောထာနဲ့ လယ်နာဒဲကျေးရွာတွေကို တိုက်လေယာဉ်တွေနဲ့ ၅ကြိမ်တိုင် ဖျက်အားပြင်းဗုံးတွေ အသုံးပြု တိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့တာလို့ နိုဝင်ဘာ ၅ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ် ။

အဲဒီလို တိုက်ခိုက်ခဲ့ရာ လယ်နာဒဲကျေးရွာအနီး Y12 လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျမ်းစာကျောင်း တက်ရောက်သင်ကြားနေတဲ့ အမျိုးသား ၂ဦး၊ အမျိုးသား ၈ဦး စုစုပေါင်း ၁၀ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ ကျောင်းသူ ၂ဦးကို ဆေးရုံကို ပို့ဆောင်စဉ် ၁ဦးဟာ လမ်းခုလပ်မှာ သေဆုံးခဲ့ရတာလို့ အသိပေးပါတယ်။သေဆုံးသူမှာ အသက် ၂၀ အရွယ် ကျောင်းသူ ၁ဦးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုကြောင့် ကျမ်းစာသင် ကျောင်းစာကြည့်တိုက်၊ကျမ်းစာသင်ကျောင်းခန်းမဆောင်နဲ့ ကျောင်းသူကျောင်းသားဘော်ဒါဆောင်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ဝါဒဖြန့်သူအချို့က နိုဝင်ဘာ ၃ရက်လေကြောင်း တိုက်ခိုက်မှုမှာ KNU အရာရှိ အချို့ သေဆုံးခဲ့ကြောင်း သတင်းမှားတွေနဲ့ ဝါဒဖြန့်နေသလို PDFနဲ့ KNU ကြားသွေးခွဲတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

KNU တပ်မဟာ(၅) တာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ လေကြောင်း တိုက်ခိုက်မှုမှာ ကျောင်းသူကျောင်းသားတွေအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ KNU တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မရှိခဲ့ကြောင်း ပြောပါတယ်။

KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်ကစစ်တပ်ဟာလေယာဉ် နဲ့ ဗုံးကြဲပြီးအကြမ်းဖက်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၅)နယ်မြေအပါအဝင် KNUအုပ်ချုပ်နယ်မြေ အသီးသီးက အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်​နေပါတယ်။ အဲဒီလို တိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းထိုးတာတွေရှိခဲ့လို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်ကြောင့် KNU နယ်မြေအပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည် သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ် လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ