နို၀င်ဘာ-၆၊၂၀၂၆။မိုမို/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်မှာ မိုးကြိုးပစ်ခံရတာကြောင့် ဒေသခံ ၂ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(နို၀င်ဘာ ၅ ရက်)မှာ ပင်လောင်းမြို့နယ်က ထီတလိကျေးရွာ၊ဘုရားဖြူ နဲ့ ဘုရားမဲကျေးရွာတွေမှာ မိုးကြိုးပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူ ၂ဦးက ထီတလိရွာသား နဲ့ဘုရားဖြူ ရွာခံတွေ ဖြစ်ပြီး အမျိုးသား ၂ဦး အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ဖြစ်စဉ်သုံးခုစလုံးက မနေ့က နေ့လယ် ၁ နာရီလောက်မှာဖြစ်တာ။ထီတလိမှာက ခရမ်းချဉ်သီးစိုက်ခင်းထဲ ထိတာ ။ ခွန်မိုးသိန်းဇော်မိုးက မီးလောင်တဲ့ဒဏ်ရာတွေနဲ့ ဆုံးသွားတယ်”လို့ ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လွယ်မောအုပ်စု ဘုရားဖြူရွာဖြစ်စဉ်မှာ အသက် ၅၇ နှစ်အရွယ် ဦးအောင် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
အခုအချိန်ဟာ မုတ်သုံရာသီမဟုတ်ပေမယ့် အယ်နီညိုကြောင့် လေထုစိုထိုင်းဆနဲ့ အပူချိန်တွေ ကမောက်ကမဖြစ်ပြီး မိုးကြိုးပစ်ခတ်မှုတွေ မကြာခဏဖြစ်နေတယ်လို့ မိုးလေ၀သ ပညာရှင်တချို့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းထဲမှာပဲ မွန်ပြည်နယ် မုဒုံမြို့နဲ့ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တွေမှာ မိုးကြိုးပစ်ခတ်မှုကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်။




















































