Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့၌ စစ်ကောင်စီတပ် စစ်ကြောင်းငါးခုထိုးလာ၍ တိုက်ပွဲဖြစ်

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊တပ်ရင်းအမှတ်(၂၅)၏ ရှေ့တန်းနယ်မြေ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းများ။ဓာတ်ပုံ-KNDF/Battalion-25)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊တပ်ရင်းအမှတ်(၂၅)၏ ရှေ့တန်းနယ်မြေ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းများ။ဓာတ်ပုံ-KNDF/Battalion-25)

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့တွင်း၌ စစ်ကောင်စီက စစ်ကြောင်း ငါးကြောင်းအသုံးပြုစစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

“လွိုင်ကော်မြို့ထဲမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်။စစ်ကောင်စီက စစ်ကြောင်းလေးငါးကြောင်းလောက်နဲ့ ခွဲ ပြီးလှုပ်ရှားနေတာရှိတယ်”ဟု KNDF တဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လွိုင်ကော်​မြို့၌ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီက အပူတပြင်းကြိုးပမ်းနေသည်ဟုလည်း စစ်ကောင်စီ၏ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

“လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အပူတပြင်း ကြိုးပမ်းလာနေတယ်။စကစရဲ့ ရည်မှန်း ချက်က လွိုင်ကော်ကနေ ပိတ်ဆို့ဖြတ်တောက် ခံထားရတဲ့ ငွေတောင်အခြေစိုက်နယ်မြေခံတပ်တွေအထိ လမ်းကြောင်း ပြန်ဖောက်လိုပုံပါ။ပင်လောင်း၊ ဖယ်ခုံ ဘက်ကနေ မိုးဗြဲအထိလည်းခြေကုပ်ယူလိုဟန်ရှိပါတယ်”ဟု ၎င်းက သုံးသပ်သည်။

ယခုတစ်ကြိမ် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်သည် ယခင်နဲ့မတူဘဲ ပြင်ဆင်လာခြင်းဖြစ်ပြီး စစ်ရေး အထူးသတိပြုရန် ပို၍လိုအပ်သည်ဟု ကရင်နီစစ်ရေးလေ့လာသူက အသိပေးသည်။

“စကစက တော်လှန်ရေးတပ်ဖက်ရဲ့ အခြေအနေ ၊လှုပ်ရှားမှု ၊ခဲယမ်းလက်နက်တွေကို သေချာလေ့လာစောင့်ကြည့်ပြီး တဖန်နယ်မြေယူဖို့ ထိုးထွက်လာနေတယ်။ဝေဟင် ၊လက်နက်ကြီးတွေနဲ့ အင်နဲ့အားနဲ့ထိုးမဆောင့်သေးဘဲ မြေပြင်စစ်ကြောင်းထိုး ၊လက်နက်ကြီးနဲ့ ကြိုပစ်ပြီး နယ်မြေရှင်းနေတဲ့ပုံစံမျိုးတွေ့ရတယ်။တော်လှန်ရေးတပ်ဖက်မှာ လုပ်စရာကဏ္ဍတွေများနေပေမဲ့ စစ်ရေးကို အထူးအားပြုဖို့လိုပါမယ်။ရယူထားတဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်တွေက ရေရှည်ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေပိုမို ထိန်းချုပ်နိုင်ဖို့ဆိုရင် လက်နက်ခဲယမ်း ပြည့်စုံနေဖို့လိုပါမယ်။အဓိက ညီညွတ်ရေးလည်း လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက် ရာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစလွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁၊) ခလရ (၂၅၀)၊ခလရ (၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် ရှမ်းပြည်နယ်၊ဆီဆိုင်မြို့မှတဆင့် လွိုင်ကော်မြို့သို့ဦးတည်နေပြီး အင်အား ၅၀၀ခန့်ပါရှိနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။