Connect with us

Hi, what are you looking for?

သတင်း

ကောလင်းစစ်မြေပြင်ရောက် NUG ကာကွယ်ရေးဝန်ကြီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ကောလင်းစစ်မြေပြင်သို့ လာရောက်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

​ကောလင်းမြို့နယ် ​ရှေ့တန်းတစ်​နေရာတွင် PDFများနှင့်အတူ​တွေ့ရ​​သော ဦးရည်မွန် ။ဓါတ်ပုံ-ကောလင်းခရိုင်တပ်ရင်း(၂)

ယောနသံ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ကောလင်းစစ်မြေပြင်သို့ လာရောက်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

ပြီးခဲ့သည် မေလဆန်းက ကောလင်း​ရှေ့တန်းစစ်မြေပြင်သို့ဝန်ကြီး ဦးရည်မွန် လာရောက်ခဲ့ကြောင်းကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့(ဇူလိုင်လ ၁၇ရက်)ည၌ ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးကို မြေပြင်မဆင်းဘူးလားလို့ ပြောပြောနေကြသူများ ခင်ဗျာ။ကျွန်တော်တို့တပ်ရင်းတွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ။ဖော်ပြပါပုံများကတော့ လွန်ခဲ့တဲ့၂လ ကျော်က ကျွန်တော်တို့ ကောလင်းခရိုင်၊ အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ရှိရှေ့တန်းရဲဘော်တွေကို ဝန်ကြီးအနေနဲ့ ကိုယ်တိုင်လာရောက်တွေ့ဆုံအားပေးရင်း လိုအပ်တာများညွှန်ကြားခဲ့စဥ်က မှတ်တမ်းဓာတ်ပုံအချို့ပဲဖြစ်ပါတယ်ခင်ဗျာ”ဟုကောလင်းခရိုင်တပ်ရင်း(၂)သတင်း နှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

ဦးရည်မွန်သည် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် မတ်လကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေနှင့် ဘွမ်ရေဘွမ့် (Bumre Bum) စခန်းကို KIA စစ်ဦးစီးချုပ်နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

​ကောလင်းမြို့နယ် ​ရှေ့တန်းတစ်​နေရာတွင် PDFများနှင့်အတူ​တွေ့ရ​​သော ဦးရည်မွန် ။ဓါတ်ပုံ-ကောလင်းခရိုင်တပ်ရင်း(၂)

ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ စစ်ကြောင်းထိုးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပုံစံမျိုးစုံဖြင့်တိုက်ခိုက်နေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ