Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနဲ့ ပုသိမ်ကြီးအစပ်အနားမှာ တိုက်ပွဲဖြစ်နေ၊ ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်က ကြားနေရ

မန္တလေးတိုင်း မတ္တရာနယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်ရပ်ကွက်တွေကပါ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မတ္တရာနယ်ထဲမှာ တိုက်ပွဲ ဖြစ်ပွားနေပြီး ပစ်ခတ်သံတွေကို ပုသိမ်ကြီးမြို့ ပေါ်ရပ်ကွက်တွေကပါ ကြားနေရလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီမနက်ပိုင်း ၆ နာရီဝန်းကျင်ခန့်ကစပြီး ပစ်ခတ်သံတွေကို ကြားနေရတာလို့ ပုသိမ်ကြီးမြို့ ပေါ် နေထိုင်သူ မြို့ ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အောင်သပြေဘက်ကနေ ပစ်နေတဲ့အသံတွေဖြစ်မယ် ၊ နီးနီးကပ်ကပ်ကိုကြားနေရတာ”လို့ အဲဒီပုသိမ်ကြီးမြို့ ခံက ဆိုပါတယ်။

အောင်သပြေကျေးရွာဟာ မတ္တရာ မြို့ နယ် နဲ့ ပုသိမ်ကြီးမြို့ နယ် အစပ်နားမှာရှိတာပါ။ အောင်သပြေ ကျေးရွာ နဲ့ ပုသိမ်ကြီးမြို့ ပေါ်ကြားမှာ မြကန်သာရွာ ၊ကံကြီးရွာ ၊ဘုတ်ရွာ ၊ဆင်ပွတ်ကြီးရွာ၊ ရုံးသာရွာ ၊ မှန်ပင်ရွာတွေ ရှိနေပါတယ်။

“တို့ရွာနဲ့ဆို ကပ်နေတော့ ပစ်ခတ်သံတွေကြားနေတာ “လို့ ပုသိမ်ကြီးမြို့နယ်ထဲက ဆင်ပွတ်ကြီးရွာမှာ နေထိုင်သူတစ်ဦးကလည်းပြောပါတယ်။

ပစ်ခတ်သံတွေကြောင့် လုံခြုံရေးအခြေအနေအရ ပုသိမ်ကြီးမြို့ရဲ့အရှေ့ဘက်ခြမ်း ရန်ကင်းတောင်ခြေအနီးရှိ ဟင်နရီ မြင်းစီကလပ် ကလည်း ဒီနေ့ မနက်ပိုင်းက စပြီး ကွင်းကို ယာယီပိတ်လိုက်တယ်လို့ ​သူ့ရဲ့Facebook Pageကနေ အသိပေးခဲ့တာရှိပါတယ်။

အောင်သပြေရွာက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို မန္တလေး PDF က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခိုက် ပြီး စခန်းသိမ်းထားတာပါ။

ဒီနေ့မှာ အဲဒီဘိလပ်မြေစက်ရုံ ကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။