Connect with us

Hi, what are you looking for?

သတင်း

လူသတ်မှု ကျူးလွန်ပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်သွားတယ်လို့ သံသယရှိတဲ့ လင်မယားကို ဖမ်းဆီးနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့ ကြိုးစားနေ

မြန်မာလင်မယားနှစ်ဦးဟာ လူသတ်မှု ကျူးလွန်ပြီးတဲ့နောက် ထိုင်းရဲစခန်း တစ်ခုမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ အဖြစ်နဲ့ သွားရောက် အဖမ်းခံရင်း မြန်မာဖက် ပြန်
သွားခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

လူသတ်မှုဖြစ်ခဲ့​သော စား​သောက်ဆိုင်​ရှေ့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-Chaiyot Pupattanapong

မြန်မာလင်မယားနှစ်ဦးဟာ လူသတ်မှု ကျူးလွန်ပြီးတဲ့နောက် ထိုင်းရဲစခန်း တစ်ခုမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ အဖြစ်နဲ့ သွားရောက် အဖမ်းခံရင်း မြန်မာဖက် ပြန်သွားခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ကျော်မြင့်ဦး နဲ့ အသက် ၁၉ နှစ်အရွယ် အိဒီဇင်ဘာတို့ နှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အီရန်နိုင်ငံသား စားသောက်ဆိုင် လုပ်ငန်းရှင် တစ်ဦးနဲ့ ထိုင်းအမျိုးသမီး ဇနီးသည်ကို သတ်ဖြတ်ပြီး တိမ်းရှောင်သွားတာလို့ ထိုင်းရဲတပ်ဖွဲ့ကယုံကြည်​နေပါတယ်။

ချောင်ဘူရီ ရဲတပ်ဖွဲ့ အကြီးအကဲ သာဝက်ကီရက် ဂျင်ဒက်ဟွန်ဆာနွန်က သံသယ တရားခံ နှစ်ဦးကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေဆဲ အချိန်မှာပဲ သူတို့နှစ်ယောက်က နက်ခွန်ပါသွမ် ရဲစခန်းမှာ အထောက်အထားမဲ့ ခိုးဝင်လာသူတွေအဖြစ် သွားရောက် ဝန်ခံခဲ့ပြီး မြန်မာနိုင်ငံဆီ ပြန်ခွင့်ရဖို့ ကူညီပေးစေလိုကြောင်း တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သက်ဆိုင်ရာ ရဲစခန်းကလည်း သူတို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဒဏ်ရိုက်ပြီးတဲ့နောက် မြန်မာနဲ့ နယ်စပ်နားက တက်ခ်ခရိုင်မှာရှိတဲ့ မဲဆောက်မြို့ဆီ ပို့ဆောင်လိုက်ပါတယ်။ အဲဒီကနေတဆင့် သံသယ တရားခံ စုံတွဲဟာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာပိုင်နက်ထဲ ပြန်သွားပြီလို့ ယူဆရပါတယ်။

အဲဒီစုံတွဲဟာ အသက် ၆၄ နှစ်အရွယ် မော့ဂျ်တာဘာ ဂန်ဘာရီရာဇက်နဲ့ ဇနီးဖြစ်သူ အသက် ၄၉ နှစ်အရွယ် သာနာပေါင် ပွန်ပရာခွန်တို့ကို ပစ္စည်းလုဖို့ လူသတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ဆိုပါတယ်။ သေဆုံးသူ နှစ်ဦးရဲ့ အလောင်းတွေကို ပတ္တယားတောင်ပိုင်းက သူတို့ရဲ့ တိုက်ခန်းထဲက အိပ်ခန်းထဲမှာ ရှာတွေ့ခဲ့တာပါ။ ဂန်ဘာရီရာဇက် ဖွင့်ထားတဲ့ Banoo အီရန်ရိုးရာ စားသောက်ဆိုင်ဟာ မြေညီထပ်မှာ ရှိနေပြီး အလောင်းတွေကိုတော့ ဒုတိယထပ်မှာ ဇူလိုင် ၁၆ ရက်နေ့က တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ဂန်ဘာရီရာဇက်ရဲ့ အလောင်းဟာ ခါးအောက်ပိုင်း ဗလာကျင်း ဖြစ်နေပြီး ဘောင်းဘီရှည်နဲ့ လည်ပင်းညှစ်သတ် ခံခဲ့ရတာလို့ ယုံကြည်ရပါတယ်။ ပွန်ပရာခွန်ရဲ့ အလောင်းကတော့ လုံးဝဥဿုံ ဝစ်လစ်စားလစ် ဖြစ်နေပြီး ပလတ်စတစ်ကြိုး၊ ဖုန်းအားသွင်းကြိုးတွေနဲ့ တုပ်နှောင် ခံထားရပါတယ်။ လူသတ်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ တူတစ်လက်လည်း အိပ်ခန်းထဲမှာ ရှိနေခဲ့ပါတယ်။

ရဲတွေက နောက်ကြောင်းပြန် စုံစမ်းရာမှာတော့ သံသယရှိသူ မြန်မာစုံတွဲဟာ ဇူလိုင် ၁၁ ရက်နေ့တုန်းက အငြင်းအခုံတချို့ ဖြစ်ခဲ့တဲ့နောက် သေသူတွေရဲ့ မော်တော်ဆိုင်ကယ်နဲ့အတူ စားသောက်ဆိုင်ကနေ ထွက်ခွာသွားတာကို သိရှိခဲ့ရပါတယ်။ အဲဒီဆိုင်ကယ်ကို တစ်နေရာမှာ စွန့်ပစ်ခဲ့တဲ့နောက် သူတို့ဟာ ဘန်ကောက်ကို တက္ကစီ တစ်စီးနဲ့ ခရီးဆက်ပြီး အဲဒီကမှ
တဆင့် နက်ခွန်ပါသွမ် ရဲစခန်းဆီ သွားရောက် ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ သေဆုံးသူတွေဆီက ဘာတွေ လုယက်သွားသလဲ ဆိုတာကိုတော့ ရဲတွေက အတိအကျ ထုတ်မပြောသေးပါဘူး။

သေသူနှစ်ဦးရဲ့ အသက် ၂၉ နှစ်အရွယ် သမီးက မြန်မာလင်မယားရဲ့ ဇနီးဖြစ်သူကို သူ့ရဲ့ မိခင်က အိမ်အပေါ်ထပ်မှာ နေခွင့်ပေးထားခဲ့တာလို့ ပြောပါတယ်။ အရင်က အိမ်မှာ ပိုက်ဆံပျောက်လို့ဆိုပြီး အီရန်အမျိုးသားက ကျော်မြင့်ဦးကို စွပ်စွဲ ဆူပူ ကြိမ်းမောင်းတဲ့ ဖြစ်စဉ်တချို့ ရှိခဲ့ဖူးတယ်လို့လည်း သူက ထွက်ဆိုခဲ့ပါတယ်။

လောလောဆယ်တော့ ထိုင်းရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံ ပိုင်နက်ထဲ ပြန်ရောက်သွားပြီး ပုန်းခိုနေတယ်လို့ ယုံကြည်ရတဲ့ သံသယ တရားခံ နှစ်ဦးကို ရှာဖွေ ဖမ်းဆီးနိုင်ရေးအတွက် မြန်မာ အာဏာပိုင်တွေဆီက အကူအညီ ယူနိုင်ဖို့ ဆက်သွယ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။