Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနှင့် ရေဦးမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

Budalin Mobile Team-BMT တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BMT

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၁၉ရက်) နံနက် ၁၀နာရီခန့်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အထကကျောင်းနေရာများအား ၈၀မမ၊၆၀မမ၊၄၀မမ၊RPG အပါအဝင် လက်နက်ငယ်များဖြင့်ပါ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Budalin Mobile Team-BMTအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်ဒဏ်ရာရသည်ဟု BMTအဖွဲ့က ဆိုသည်။

“တိုက်ခိုက်ချိန် တစ်နာရီခွဲလောက်ကြာတယ်။ သူတို့ပြန်မပစ်နိုင်ဘူး။”ဟု BMTအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလားတူ ယမန်နေ့ကပင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရော့ကတ် ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ရေဦး PDFက ထုတ်ပြန်သည်။

ရေဦးနှင့်ဒီပဲယင်းမြို့နယ်သည် နယ်မြေချင်းထိဆက်နေပြီး ရေဦးမြို့ပေါ်မှ စစ်အုပ်စုက လက်နက်ကြီးများဖြင့် ညစဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“ညတိုင်ဆိုရင် လက်နက်ကြီးနဲ့ထုတာ။ ကောင်းကောင်းကိုမအိပ်ရဘူး။ အလှည့်ကျကင်းစောင့်ရတယ်။”ဟု ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းစစ်ဆင်ရေးကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ Depeyin Local Mobile Team (DLMT)၊ရေကျော်ပိတုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၁၆ ရက်ကလည်း ဒီပဲယင်းမြို့ မြို့မရဲစခန်းမှ ကင်းထွက်လာသော စစ်အုပ်စုအား ADPRAနှင့် မဟာမိတ်တပ်များက ပစ်ခတ် တိုက်ခိုက်ရာ စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သေနတ် ၂လက်ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။