Connect with us

Hi, what are you looking for?

သတင်း

တရုတ်မှာ ရေကြီးရာက တံတားကျိုးပြီး လူတဒါဇင်နီးပါး သေဆုံး

တရုတ်နိုင်ငံမှာ တံတားတစင်းကျိုးရာက အနည်းဆုံး လူတဒါဇင် နီးပါးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ တံတားတစင်းကျိုးရာက အနည်းဆုံး လူတဒါဇင် နီးပါးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အစိုးရပိုင် ရှင်ဟွာသတင်း ဌာနက နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် အခုလို ဖြစ်ရပ်ဆိုးမျိုး ကြုံတွေ့ခဲ့တာလို့ ဇူလိုင် ၂၀ ရက်နေ့မှာ ဖော်ပြသွားခဲ့ပါတယ်။ ရှန်းစီး ပြည်နယ်မှာရှိတဲ့ ရှန်လောင်တံတားဟာ ဇူလိုင် ၂၀ မနက်ပိုင်းက ရေစီးဒဏ် မခံနိုင်ဘဲ ကျိုးထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို မိနစ်ပိုင်းအတွင်း အပူတပြင်း စတင်ခဲ့ပြီး အလောင်း ၁၁ လောင်းနဲ့ ကား ၅ စီးကို ဆယ်ယူရရှိထားကြောင်း ရှင်ဟွာက ဆိုပါတယ်။ တံတားကျိုးချိန် ရေထဲကို ပြုတ်ကျပြီး ပျောက်ဆုံးနေသူ ၃၀ လောက် ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းကစလို့ တရုတ်နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတချို့ဟာ ရေကြီးမှုတွေနဲ့ နောက်ဆက်တွဲ ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေကို ကြုံနေခဲ့ရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့တုန်းကလည်း ရှန်စီးမှာရှိတဲ့ ပေါင်ဂျီမြို့မှာ မိုးသည်းသည်းထန်ထန် ရွာခဲ့ရာက ရေကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွားလို့ ၅ ဦး အသေအပျောက် ရှိခဲ့ပါတယ်။

တရုတ်ဟာ လက်ရှိမှာ ရာသီဥတု အပြောင်းအလဲတွေ ခန့်မှန်းရ ခက်ခဲလွန်းတဲ့ နွေရာသီ ကာလကို ဖြတ်သန်းနေရပြီး နိုင်ငံ မြောက်ပိုင်းမှာ အစွမ်းကုန် ပူပြင်းရင်း မိုးတွေ ရွာနေသလို အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

ကိုးကား: Xinhua⁩

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။