Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်အကျဉ်းထောင်မှ နိုင်ကျဉ်းများ လွတ်လပ်ပြီ

မိုးကုတ်ထောင်မှ အမျိုးသမီးငါးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ဦး ကယ်ထုတ်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

ကယ်ထုတ်ခဲ့သော နိုင်ငံရေးအကျဥ်းသားများအား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

မိထက်၊အင်ကြင်း/People’s Spring

မိုးကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၄ဦးအား ကယ်ထုတ်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာက ယနေ့(ဇူလိုင် ၂၈ရက်) ထုတ်ပြန်သည်။

မိုးကုတ်ထောင်မှ အမျိုးသမီးငါးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ဦး ကယ်ထုတ်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထောင်မှ လွတ်မြောက်လာသည့် စုစုပေါင်း အကျဉ်းသားအရေအတွက်ကို ဖော်ပြထားခြင်းမရှိသေးပေ။

နိုင်ငံရေးအကျဉ်းသား ၁၄ဦးကို ဇူလိုင်၂၇ရက်တွင် TNLA ထံမှ မိုးကုတ်ဗျူဟာက လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။

” ဝမ်းသာလိုက်တာ။မြို့တွေသိမ်းပြီး ထောင်တွေဖွင့်ပေးပါ။ ငါတို့နိုင်မှ သူတို့လွတ်မှာ

အလကားအော်ခဲ့ကြတာမဟုတ်ဘူးဆိုတာ

လက်တွေ့ သူတို့ပြခဲ့ကြပြီလေ။ ကျေးဇူးတင်ပါတယ် ရဲဘော်တို့ရေ”ဟု မိုးကုတ်ဗျူဟာ၏ သတင်းထုတ်ပြန်မှုကို ပြည်သူတစ်ဦးက မှတ်ချက်ပြုထားသည်။

မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များက ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ယခုအခါ မိုးကုတ်မြို့၌ စစ်ရေးငြိမ်သက်နေပြီး စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကိုသတိပြုရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ကိုးကန့်တပ်မတော် MNDAA တိုက်ခိုက်သိမ်းယူနေသည့် လားရှိုးမြို့တွင်လည်း နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် ဖမ်းဆီးခံထားရသည့်အကျဉ်းသားများ ပြန်လည်လွတ်မြောက်သည်ဟု သတင်းများထွက်ပေါ်နေသည်။ အသေးစိတ်ကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။