Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့မှထွက်ပြေးသွားသည့် ဗျူဟာမှူးဦးဆောင်သည့် စစ်ကောင်စီတပ်သားများ ဖမ်းမိဟုဆို

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့်ဗျူဟာမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကို ချင်းကာကွယ်ရေးရဲဘော်များက ဇူလိုင်၂‌၄ရက်တွင် ဖမ်းမိခြင်းဟု ကနဦးသတင်းရရှိထားသည်။

မတူပီမြို့သိမ်းပိုက်ပြီးနောက် တွေ့ရသော ချင်းညီနောင်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ချင်းညီနောင်

မိထက်/People’s Spring

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားသည့် ဗျူဟာမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးရဲဘော်များက ဖမ်းမိထားကြောင်း သတင်းရရှိသည်။

တူပီမြို့အခြေစိုက် ခလရ (၁၄၀)တပ်ရင်းနှင့် ဗျူဟာကုန်းကာကင်းစခန်းအချို့ကို ချင်းညီနောင်နှင့်မဟာမိတ်တပ်များက ဇွန်လ ၉ရက် တွင် စတင်ခဲ့တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၅ရက်တွင် သိမ်းယူခဲ့သည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့်ဗျူဟာမှူးဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကို ချင်းကာကွယ်ရေးရဲဘော်များက ဇူလိုင်၂‌၄ရက်တွင် ဖမ်းမိခြင်းဟု ကနဦးသတင်းရရှိထားသည်။

” သတင်းက မှန်ပါတယ်ဗျ။ မထုတ်ပြန်သေးတာပဲရှိပါတယ်။ထွက်ပြေးသွားသူတွေ မိတာအမှန်ပါပဲ”ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့(ဇူလိုင် ၂၈ရက်)ပြောသည်။

အဆိုပါသတင်းကို အရာရှိအဆင့်ရှိ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးအပြင် ချင်းပြည်နယ် မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ဟုတ်မှန်ကြောင်း အတည်ပြုသည်။

မတူပီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ တရားဝင် သတင်းမထုတ်ပြန်သေးပေ။

အဆိုပါ စစ်ကောင်စီအုပ်စုသည် စခန်းများတိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာထွက်ပြေးစဉ် မတူပီမြို့ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဥ်းသားများကို လူသားဒိုင်းအနေဖြင့် ခေါ်ဆောင်သွားခဲ့ဖူးသည်။ ချင်းကာကွယ်ရေးရဲဘော်များက လိုက်လံတိုက်ခိုက်စဉ် တိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ဦးပြန်လည်လွတ်မြောက်လာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)က ဇူလိုင် ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားအချိူ့ ပျောက်ဆုံးနေဆဲဖြစ်သည်။

မတူပီမြို့ကို ဇွန်လ ၂၉ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးရဲဘော်များနှင့် မဟာမိတ်များသည် မြို့သိမ်းတိုက်ပွဲ၌ ဇွန်လ ၁၇ရက်တွင် ခမရ(၃၀၄) တပ်ရင်းကို သိမ်းနိုင်ခဲ့သည်။ ထို့နောက် ဇွန်လ ၂၉ရက်တွင် ခလရ(၁၄၀)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီထံမှ လေယာဥ်ပစ်လက်နက်အပါအဝင် လက်နက်ခဲယမ်းအမြောက်အများသိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။