Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် စက်သုံးဆီ တန်းစီဝယ်ယူနေရ

ယမန်နေ့(ဇူလိုင်၂၉ရက်)မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ ဆီမရ၍ဆိုကာ ပိတ်ထားခြင်း၊ ကားနှင့်ဆိုင်ကယ်များအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းများကြောင့် ဖွင့်သည့်ဆိုင်များအား စုပြုံတိုးဝှေ့ကာ ဝယ်ယူနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်၌ တန်းစီဝယ်ယူသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတွင် စက်သုံးဆီဆိုင်အချို့ပိတ်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းတို့ကြောင့် ဝယ်ယူသူများ အချိန်ပေးတန်းစီကာ ပြန်လည်ဝယ်ယူနေရကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇူလိုင်၂၉ရက်)မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ ဆီမရ၍ဆိုကာ ပိတ်ထားခြင်း၊ ကားနှင့်ဆိုင်ကယ်များအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းများကြောင့် ဖွင့်သည့်ဆိုင်များအား စုပြုံတိုးဝှေ့ကာ ဝယ်ယူနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရောင်းပေးတဲ့ဆိုင်က နည်းနည်းပဲ။ ကားတန်းကြီးကိုမနည်းဘူး။ အခုညနေပိုင်းဆို မြို့ထဲကဆိုင်တွေတဆိုင်မှာမရတော့ဘူးပြောတယ်။”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရောင်းပေးသည့်ဆိုင်များကလည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငါးထောင်ဖိုး၊ ကားတစ်စီးလျှင် ကျပ်ငါးသောင်းဖိုးဖြင့် အကန့်အသတ်ဖြင့်သာရောင်းချပေးကြောင်း မြို့ခံများက ဆိုသည်။

ပြင်ပတွင်လည်း ဓာတ်ဆီပေါက်စျေးများမြင့်တက်လာပြီး 92တစ်လီတာလျှင် ၄၇၀၀ ကျပ်ဝန်းကျင်ဖြစ်နေကြောင်း မြို့ခံအချို့က ပြောသည်။

အလားတူ ရန်ကုန်နှင့် မြို့ကြီးအချို့တွင်လည်း စက်သုံးဆီဝယ်ယူရခက်ခဲနေပြီး ဆီဆိုင်များ၌ တန်းစီဝယ်ယူသူများ​ပြားနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ဓာတ်ဆီအား ၎င်းတို့သတ်မှတ်နှုန်းထားအတိုင်း ရောင်းချခိုင်းထား၍ ဒေါ်လာစျေးများမြင့်တက်ကာ စျေးကမောက်ကမဖြစ်တိုင်း စက်သုံးဆီများ မကြာခဏ ဝယ်ယူရခက်ခဲလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။