ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံရဲစခန်းနှင့် စစ်တပ်အထိုင်စခန်းတစ်ခုကို ဒရုန်းများဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပုလော-ပကဖ၊ Drone တပ်စိတ်(Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဇူလိုင် ၃၀)နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်က ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းနှင့် တိုတောင် တာဝါတိုင်စခန်းကုန်းတို့ကို ဒရုန်းတပ်စိတ် Shadow Squad အဖွဲ့နှင် မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းတို့ပူးပေါင်း၍ ဒရုန်းဗုံးသီး (၆)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

Public Service Announcement
“တိုတောင် စခန်းကုန်းမှာတော့(စကစအင်အား) ၂၀ကျော်ပေါ့။ ပလ စခန်းမှာတော့ ၄၀ ဝန်းကျင် လောက်ရှိမယ်။ ပလစခန်းနဲ့ တိုတောင်စခန်းက တောင်ပေါ်မှာ ဆက်နေတာ စခန်းတစ်ခုနဲ့ တစ်ခုက။ တက်တဲ့လမ်းတွေကို မိုင်းတွေ ပတ်ထောင် ထားလို့ ဒေသခံတွေ မကြာခဏ ထိခိုက်တာတွေ ရှိတယ်ဗျ”ဟု တိုက် ခိုက်မှုလုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းအခြေအနေကို Shadow Squad မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားအများစုရှိနေသော စခန်းဝင်းရှိ အဆောင်တန်းလျားနှင့် ဘန်ကာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရသေးဟု ၎င်းက ဆက်ပြောသည်။
“စခန်းအပြင်က ဂိတ်ကိုချမလို့ဟာ လမ်းမပေါ်မှာဆိုတော့ ပြည်သူကားတွေနဲ့ ရော ထွေးနေလို့ သူတို့ စခန်းအတွင်းဘက်ကိုပဲ အ ဓိကထား တိုက်ခိုက်ခဲ့တာပါ။ အသေအ ပျောက်တော့ အတိအကျ မသိရဘူးဗျ။ ဟိုပြေး ဒီပြေးတော့ ပြေးနေကြတာပဲ။ တွေ့တာတော့ရှိတယ် ဝပ်နေတာလား သေနေတာလား မသဲကွဲဘူး”ဟု Shadow Squad တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
ပုလော-ပကဖ၊ ဒရုန်းတပ်စိတ်(Shadow Squad)နှင့်ပူးပေါင်းအဖွဲ့များသည် ယခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှစ၍ ပုလောမြို့နယ်အ တွင်းရှိ စစ်ကောင်စီစခန်းများဖြစ်သော ခလ ရ(၂၈၅)၊ ပလရဲစခန်း၊ ပုလောရဲစခန်း၊ မီး လောင်ချောင်းဂိတ်စခန်းနှင့် တိုတာဝါတိုင်စခန်းကုန်းများအား ဒရုန်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိသည်။
ယခု ဇူလိုင်လနောက်ဆုံးပတ်အတွင်း ပုလောမြို့နယ်၊ ပုလောကုန်ကျေးရွာ၌ အင်အား ၃၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စခန်းစွန့်ထွက်ပြေးသွားခဲ့သေးသည်။


















































