Connect with us

Hi, what are you looking for?

သတင်း

လားရှိုး အထက(၁)မှ စစ်ရှောင်ကျောင်းဆရာမတစ်ဦး နှလုံးဖောက်ပြီးသေဆုံး

တိုက်ပွဲများပြင်းထန်နေသော လားရှိုးမြို့တွင် စစ်ဘေးရှောင် ကျောင်းဆရာမတစ်ဦး လမ်းခုလပ်၌ နှလုံးဖောက်ပြီး သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

လားရှိုး အထက (၁)မှ ဆရာမကြီးဒေါ်သီတာအောင်အား မကွယ်လွန်မီက တွေ့ရစဥ်။ ဓာတ်ပုံ- Lily/FB

အရုဏ်ဦး/People’s Spring

တိုက်ပွဲများပြင်းထန်နေသော လားရှိုးမြို့တွင် စစ်ဘေးရှောင် ကျောင်းဆရာမတစ်ဦး လမ်းခုလပ်၌ နှလုံးဖောက်ပြီး သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

“အမေက နှလုံးရောဂါအခံ ရှိပါတယ်။ လမ်းမှာလန့်သွားတာရယ်၊ အရမ်းပင်ပန်းသွားတာမို့ နှလုံးဖောက်သွားတာပါ”ဟု ဖြစ်စဥ်နှင့်ပတ်သက်ပြီး သေဆုံးသူ၏သမီးဖြစ်သူ Lily အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဇူလိုင် ၃၀ရက်)က လားရှိုးမြို့ အထက(၁)မှ ကျောင်းဆရာမ ဒေါ်သီတာအောင်အား မိသားစုဝင်တစ်ဦးက မြို့ပေါ်မှ စစ်ဘေးရှောင်ရန် ကားဖြင့်ခေါ်ဆောင်လာစဥ် လမ်း၌နှလုံးဖောက်သဖြင့် ပင်လုံဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

“ဒီစစ်ကြီးဖြစ်တာငါ့ဆုံးရှုံးမှုကကြီး လိုက်တာ။ တစ်ယောက်တည်းရှိတဲ့ ငါ့အမေကို လားရှိုးကနေ ခက်ခက်ခဲခဲ ခေါ်ထုတ်လာနိုင်ပြီးမှ ငါ့စီရောက်ဖို့နီးမှ တွေ့ရဖို့နီးမှ အမေက အာလုံးကိုထားပြီးထွက်သွားပြီတဲ့။ သမီးမျှော်နေတာ အမေ့ကို ဒီလိုပုံစံမဟုတ်ဘူးလေ။ နောက်ဆုံးချိန်လေးတောင် အမေ့ကိုဘာမှမလုပ်ပေးရဘူး။ အမေ့မျက်နှာကိုနောက်ဆုံးချိန်လေးတောင်အပြင်မှာတွေ့ခွင့်မရဘူး သမီးရင်‌တွေနာလိုက်တာအမေရယ်”ဟု မLily က ရင်ဖွင့်ထားသည်။

လက်ရှိအခြေအနေတွင် လားရှိုးမြို့ရှိ စစ်ကောင်စီယန္တရားအများစုကို ကိုးကန့်တပ်မတော် (MNDAA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်။

အလားတူ ဇူလိုင် ၂၇ ရက် ညပိုင်းက ဆက်ဆံရေးရုံးများကို ကာကွယ်ရန်ဟုဆိုကာ UWSA “ဝ”တပ်ဖွဲ့များ လားရှိုးမြို့ပေါ်သို့ ဝင်ရောက်နေရာယူထားသည်။

အထက်ပါ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံအများအပြား ဘေးလွတ်ရာထွက်ပြေးနေရပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ဒါဇင်ထက်မနည်း အသက်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။